Ayeyarwady Foundationရဲ့ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အဆောက်အဦးနှင့် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီမှုနဲ့အတူ COVID-19အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ ကျပ်သိန်းပေါင်း ၈,၃၀၀ ကျော်လှူဒါန်း

   ရန်ကုန်၊ဧပြီလ – ၅ ရက်။မနက် ၈နာရီခွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Ayeyarwady Foundation ရဲ့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အဆောက်အဦနှင့် စေတနာ့ဝန်ထမ်းအင်အားပံ့ပိုးကူညီမှုနဲ့အတူ COVID-19 အတွက် လှူဒါန်းငွေပေးအပ်ပွဲ အခမ်း အနားကို ကျိုက္ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ AYA Foundation အနေဖြင့်ကျန်းမာရေးအာမခံရန်ပုံငွေ (သိန်း ၅,၀၀၀) အပါအဝင်၊ ဝေဘာဂီဆေးရုံနှင့် ရန်ကင်းကလေးဆေးရုံသို့ (သိန်း ၅၀၀) စီ၊ COVID -19 ကပ်ရောဂါ ကာကွယ်ရေးအတွက် Quarantine Center (၅) နေရာများဖြစ်ကြသည့် ( ဘောလုံး အကယ်ဒမီ၊ လက်ရွေးစင် အိပ်ဆောင်[…]