COVID-19 ကူးစက်ခံရ၍ မိသားစုအတွက် အခက်အခဲ ရှိနေသူများ အတွက် ငွေကျပ် (၅)သိန်းစီ ထောက်ပံ့လှူဒါန်း

ဧရာဝတီ ဖောင်ဒေးရှင်းမှ ဦးဇော်ဇော်နှင့် အမှုဆောင်ဖြစ်သူ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့သည် ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ၊ တောင်ဥက္ကလာပ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးတို့နှင့် ဆွေးနွေးတိုင်ပင်၍ အကြောင်း အမျိုးမျိုးကြောင့် COVID-19 ကူးစက်ခံရကာ မိသားစုအတွက် အမှန်တကယ် အခက်အခဲ ရှိနေသူ (၁၉)ဦးကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရန် အတွက် စာနာစိတ်ဖြင့် ငွေကျပ် (၅)သိန်းစီ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ထိုကဲ့သို့ ထောက်ပံ့လှူဒါန်းပေးနိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော ဆရာဝန်၊ ဆရာမများ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။