လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း) နှင့်ဧရာဝတီဘဏ်တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ၏ မီတာဘေလ်များကို online မှ ပေးဆောင်နိုင်ရန်အတွက် YESC ရုံးချုပ်၌ လက်မှတ်ရေးထိုး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)နှင့်ဧရာဝတီဘဏ်တို့ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၏ မီတာဘေလ်များကို online မှ ပေးဆောင်နိုင်ရန်အတွက် ၂၀၂၀ပြည့်နှစ် ဇွန်လ (၅) ရက်နေ့ နံနက်တွင် YESC ရုံးချုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။မီတာဘေလ်ပေးဆောင်ရာတွင် လူကိုယ်တိုင် သွားရောက်၍ တန်းစီစရာမလိုဘဲ ယခုအခါ online ဖြစ်သော AYA iBanking၊ AYA mBanking နှင့် AYA Pay တို့ဖြင့် အချိန် နေရာ မရွေး အဆင်ပြေ လွယ်ကူစွာ ပေးဆောင်နိုင်ပါသည်။ ဆက်လက်ပြီး AYA Bank အနေဖြင့် ရန်ကုန်မြို့အပြင် အခြားမြို့များအတွက် မီတာဘေလ် ပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။