မိဘမဲ့ ကလေးငယ်များနှင့် အဘိုးအဘွားများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီ

          ဦးဇော်ဇော်၏ သား၊ သမီးနှင့် သူငယ်ချင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အခက်အခဲ အကျပ်အတည်း ရှိနေသော မိဘမဲ့ ကလေးငယ်များနှင့် အဘိုးအဘွား များအတွက် သွားရောက် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ပါသည်။ ၂၀၂၀ ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာရှိ မျိုးဆက်သစ် ပရဟိတကျောင်းမှ မိဘမဲ့ နို့စို့ကလေးအရွယ် (၃၃)ဦး၊ ၄နှစ်မှ ၆နှစ်ကြား ကလေးငယ် (၆၈)ဦး၊ ကျောင်းသား (၄၂)ဦးနှင့် သံဃာတော်များအပါအဝင် စုစုပေါင်း (၁၅၂)ဦးအတွက် ဆန်၊ ဆီ၊ ကလေးနို့မှုန့်၊ ကလေးအရုပ်များနှင့် ငွေကျပ် (၁၀)သိန်းကို ဆရာတော် ဦးဓမ္မနန္ဒထံသို့ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက်တွင်[…]