အင်းလေးကန်ဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် စက်ယန္တရားဖြင့် (၃)နှစ်ကျော်ကြာ ပံ့ပိုးပေးခဲ့

        မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြယုဂ်တစ်ခုဖြစ်သော အင်းလေကန်ဒေသ ရေစီးရေလာ ကောင်းမွန်၍ သာယာလှပစေရေး အတွက် အမှိုက်သရိုက်၊ ဒိုက်နှင့် ရေညှိရေမှော်များ၊ နှုံးမြေ၊ သဲမြေများကို ဖယ်ရှား ရှင်းလင်းနိုင်ရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ ကုန်းရေနှစ်သွယ် အသုံးပြုနိုင်သော စက်ယန္တရား (HITACHI ZX210K-3 Amphibious Excavator) နှင့် ကျွမ်းကျင်ဝန်ထမ်းတို့ကို ၃နှစ်ကျော်ကြာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ အင်းလေးဒေသ သဘာဝ ပတ်ဝန်းကျင် ရေအရင်းအမြစ် သာယာစိုပြေ ကောင်းမွန်စေသည့် အပြင် ဒေသရှိ ကျေးရွာပေါင်း (၃၄)ရွာအတွက် ကျေးရွာချင်းဆက် လမ်းများအတွက် ၂၀၁၆ နှစ်ကုန်ပိုင်းမှ စတင်၍ မြေဖို့မြေဆယ် လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ လုပ်ငန်း[…]