Covid-19 ကာကွယ် ကုသရေး ဧရာဝတီ ဖောင်ဒေးရှင်းမှ ဆက်လက် ကူညီဆောင်ရွက် ပေးလျက်ရှိ
ဧရာဝတီ ဖောင်ဒေးရှင်းသည် Covid-19 ကူးစက်ခံ လူနာများကို ကုသစောင့်ရှောက်ပေးလျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးနှင့် တောင်ဥက္ကလာပ ဆေးရုံကြီး အတွက် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန် ကျပ်သိန်း(၁၀၀)၊ ဓာတ်ခွဲ နမူနာများ ရယူပေးကြသော ရန်ကုန်တိုင်း ကျန်းမာရေး Swab Team မှ ကျန်းမာရေးဝန်ထမ်း (၃၀)ဦး အတွက် တစ်လစာ ထောက်ပံ့ငွေ (၆၃)သိန်း၊ ဧရာဝတီ တိုင်းဒေသကြီးမှ ဓာတ်ခွဲနမူနာများ ရန်ကုန်သို့ ပို့ဆောင်ရာတွင် အသုံးပြုရန် ပုသိမ်ဆေးရုံကြီးသို့ ငွေကျပ် သိန်း (၃၀)တို့ကို အသီးသီး လှူဒါန်းခဲ့ပါသည်။ ထို့အတူ ဇွန်လ(၁၁)ရက်နေ့မှ စတင်၍ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နိုင်ငံများမှ ပြန်လာသူများကို ဧရာဝတီ ဖောင်ဒေးရှင်းမှ[…]