ဧရာဝတီဘဏ်သည် မြန်မာတစ်နိုင်ငံလုံးတွင်ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သော ထိပ်ဆုံးကုမ္ပဏီဝင်တစ်ခုအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လက်ခံရရှိ

    ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်တွင် နိုင်ငံတော်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နှင့် အထူးကုန်စည်ခွန် အများဆုံးထမ်းဆောင်ကြသည့် ထိပ်ဆုံးကုမ္ပဏီ (၁၀)ခုကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်တွင် ဂုဏ်ပြုမှတ်တမ်း ပေးအပ် ချီးမြှင့်ခဲ့ရာ ဧရာဝတီဘဏ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော ထိပ်ဆုံးကုမ္ပဏီဝင်တစ်ခုအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လက်ခံရရှိပါသည်။ ဧရာဝတီဘဏ်သည် AYA Financial Group အဖွဲ့ဝင်ဖြစ်ပြီး AYA SOMPO၊ AYA Trust တို့ဖြင့် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကိုဆောင်ရွက်နေသည့်မြန်မာနိုင်ငံ၏နည်းပညာအခြေပြုထိပ်တန်းဘဏ်ဖြစ် သည်။