မြန်မာတစ်နိုင်ငံလုံးရှိ ကိုယ်ဝန်ဆောင်များအား ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားပြီးစဉ် အာဟာရပြည့်ဝစေရန် နှင့် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားနှုန်း မြန်ဆန်ပြီးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် လွယ်ကူချောမွေ့မြန်ဆန်စေရန် ဧရာဝတီဘဏ်၏ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သော AYA Pay အား အသုံးပြုဖို့ ရွေးချယ်ခြင်းခံရသောကြောင့် အထူးဂုဏ်ယူဝမ်းမြောက်
မြန်မာတစ်နိုင်ငံလုံးရှိကိုယ်ဝန်ဆောင်များအားကိုယ်ဝန်ဆောင်စဉ်နှင့်ကလေးမွေးဖွားပြီးစဉ် အာဟာရပြည့်ဝစေရန် နှင့်ကလေးငယ်များခန္ဓာကိုယ်ကြီးထွားနှုန်းမြန်ဆန်ပြီးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ကြေးများပေးအပ်ရာတွင်လွယ်ကူချောမွေ့မြန်ဆန်စေရန် ဧရာဝတီဘဏ်၏ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သော AYA Pay အား အသုံးပြုဖို့ ရွေးချယ်ခြင်းခံရသောကြောင့် အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၁၃) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် AYA Bank တို့ပူပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၏ Maternal and Child Cash Transfer (MCCT) အစီအစဉ်အတွက် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူညီမှု စာချုပ်ကိုလည်း M Gallery Hotel နေပြည်တော်၌ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပါသည်။