Covid-19 ဒုတိယလှိုင်းအတွက် Quarantine Centre များနှင့် လိုအပ်ချက်များ ဆက်လက် ထောက်ပံ့ကူညီပေး

    Covid-19 ကူးစက်မှု လျင်မြန်စွာ မြင့်တက်လျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် ဧရာဝတီဘဏ် သင်တန်းကျောင်းနှင့် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Quarantine Centre များအဖြစ် ထားရှိနိုင်ရန် စီမံဆောင်ရွက် ထားရှိပါသည်။ Covid-19 ကာကွယ် ကုသရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၁၀၉)ဦးကို ၂၀၂၀ စက်တင်ဘာလ (၆)ရက်နေ့မှ စတင်၍ လက်ခံထားရှိစေပြီး ၎င်းတို့၏ နေရေးထိုင်ရေးနှင့် စားသောက်ရေး ကိစ္စအဝဝကို ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။