ဧရာဝတီစင်တာအတွက် AYA Bank၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာ အုပ်စုက ငွေကျပ် သိန်း(၁၀၀၀၀) မတည်လှူဒါန်း

         ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် Covid-19 လူနာများကို လက်ခံကုသပေးမည့် ဧရာဝတီ စင်တာ၏ အဆောက်အဦနှင့် Infrastructure များ၊ ဆေးဝါးများ၊ အသုံးအဆောင် ပစ္စည်းများနှင့် အခြား လိုအပ်သည်များအတွက် AYA Bank၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာ အုပ်စုမှ ငွေကျပ် သိန်း(၁၀၀၀၀) မတည် လှူဒါန်းခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် (၇)ရက်အတွင်း အပြီးတည်ဆောက်ခဲ့သော ကုတင် (၄၀၀)ကျော်ပါရှိသည့် Covid-19 ရောဂါကုသရေး ဌာန (သုဝဏ္ဏ)၊ ဧရာဝတီစင်တာသည် ၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းတွင် Positive လူနာများကို စတင်လက်ခံ ကုသပေးနေပြီ ဖြစ်ပါသည်။

      ဧရာဝတီစင်တာတွင် စုစုပေါင်း လူဦးရေ (၄၀၀)ကျော်ကို တပြိုင်တည်း ထားရှိ ကုသပေးနိုင်မည့် ကုသဆောင်များ၊ Intensive Care Unit၊ Duty Room (Control Center)၊ ဆေးပစ္စည်းနှင့် လိုအပ်သော ပစ္စည်းများအတွက် Store အဆောက်အဦ၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ၊ Examination Room များ၊ Swab Test ရယူမည့် Protective Chamber များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် နားနေဆောင်များ၊ အဝတ်လျှော်စက်ကြီးများ၊ Locker နှင့် ပိုးသတ်စနစ်ပါဝင်သော PPE အဝတ်လဲခန်းနှင့် ရေချိုးခန်းများ၊ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၅၀)ခန့်အတွက် အဆောင်နေရာများ၊ အဝတ်လျှော်စက်ကြီးများ၊ CCTV ဖြင့် စောင့်ကြည့်ရေးစနစ်များ၊ Fire[…]