ဧရာဝတီဘဏ်၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ (AML/CFT) လုပ်ငန်းစဉ်များ

ဧရာဝတီဘဏ်လီမိတက်သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာ (AML/CFT) လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မိမိဘဏ်၏ စီမံအုပ်ချုပ်သူများနှင့် ဝန်ထမ်း အဆင့်ဆင့် အားလုံးအား အသိပညာမြှင့်တင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ပညာပေး အစီအစဉ်များ၊ အကောင်အထည်ဖော် လုပ်ဆောင်မှုများအား စဉ်ဆက်မပြတ် ချမှတ် ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် ဘဏ်၏ စီမံအုပ်ချုပ်သူများ၊ သက်ဆိုင်ရာဌာနများမှလည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာ (AML/CFT) ၏ အရေးကြီးပုံကို ကောင်းစွာ နားလည် သဘောပေါက်ပြီး သက်ဆိုင်သည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ကာ ရှေ့ဆက် ဆောင်ရွက်သွားခြင်း၊ ဘဏ်၏ Board Risk and Compliance Committee ကလည်း လစဉ် အစည်းအဝေးများပြုလုပ်ပြီး လိုအပ်သည့် လမ်းညွှန်မှုများ၊[…]