" AFG Cup 2020 "

   

 

AYA Financial Group မိသားစုဝင်များဖြစ်သော AYA Bank၊ AYA SOMPO၊ AYA Trust တို့ရှိ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော ဘောလုံးအသင်း ၁၂သင်းတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၈ရက်နေ့မှ မတ်လ ၁၅ရက်နေ့အထိ အပတ်စဉ် စနေနေ့ နှင့်တနင်္ဂနွေနေ့ ပိတ်ရက်များတွင် ရန်ကုန်မြို့ ဗဟန်းဘောလုံးကွင်း၌ AFG Cup 2020 ဘောလုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် ယခုပြိုင်ပွဲကို ဘောလုံးအသင်းများဖြစ်သော
AYA Bank Division 1 FC၊ Division 2 FC၊ Division 3 FC၊ Division 4 FC၊ Division 5 FC၊ Business Unit FC၊ Banking Operation FC၊ Card & IT FC၊ Admin FC၊ Currency FC၊ AYA SOMPO FC နှင့် AYA Trust FC အသင်းပေါင်း ၁၂သင်းမှ ကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ ၃၀၀ခန့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုပတ်လည် ၂ဖွဲ့ခွဲကာ ကစား‌စေ၍ အကောင်းဆုံးအသင်း ၄သင်းအား ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်အဆင့်များသို့ ယှဉ်ပြိုင်စေကာ ဆုဖလားချီးမြှင့်ခြင်းနှင့်အတူ ဒုတိယဆု၊ တတိယဆုများ၊ အသန့်ရှင်းဆုံးဆု၊ ဂိုးသွင်းအများဆုံးဆု၊ နေရာအလိုက် အကောင်းဆုံးဆုတံဆိပ်များလည်း ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။
ဒိုင်အဖွဲ့နှင့် ကွင်းနေရာငှားရမ်းခွင့်ပေးပါသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အားကစားဝတ်စုံများကို အသက်သာဆုံး ဆောင်ရွက်ပေးသော Winner Sports နှင့် Hydration Partner အဖြစ် ပံ့ပိုးပေးသော 100 PLUS တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။