ဧရာဝတီဘဏ်ရုံးတွင်းပတ်ဝန်းကျင် သန့်ရှင်းစေရေးဆောင်ရွက်ခြင်း

ဧရာဝတီဘဏ် ရုံးတွင်းပတ်ဝန်းကျင် သန့်ရှင်းစေရေးအတွက် ဧရာဝတီဘဏ်ရုံးချုပ် ROWE၊ Riverview နှင့် Division 2 ရှိ ဝန်ထမ်းများမှ မိမိတို့၏ အလုပ်စားပွဲနှင့် ရုံးခန်းတွင်း ဖုန်သုတ်ဆေးကြော တံမြက်လှည်းကျင်းခြင်းတို့ကို ၂၀၁၉ ဇွန်လ ၁၄ရက်နေ့တွင် စုပေါင်းကာ ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြပါသည်။ ယခုလို စုပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသပ်ရပ်သော အလုပ်နေရာထိုင်ခင်းကြောင့် စိတ်ရောကိုယ်ပါ တက်ကြွစွာဖြင့် ဝန်ဆောင်မှုကောင်းများကို ပေးစွမ်းနိုင်မည်ဟု ခံယူထားကာ အခြားဘဏ်ခွဲများပါ ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ မေးခွန်းထုတ် / စာစစ် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

ဦးဇော်ဇော် + ဒေါ်ဌေးဌေးခိုင် မိသားစု၊ မက်စ်မြန်မာ ကုမ္ပဏီများအုပ်စု နှင့် ဧရာဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစုများသည် ၂၀၁၉ခုနှစ်၊ မေလ ၁၂ရက်နေ့တွင် ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာန လှိုဏ်ဂူတော်ကြီး အနီးရှိ ဆွမ်းစားဆောင်တွင် သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲမေးခွန်းထုတ်နှင့်စာစစ်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဓမ္မဒူတအရှင်ဆေကိန္ဒဆရာတော်အား အမှူးထား၍ နှစ်စဉ် လှူဒါန်းခဲ့ရာ ယခုနှစ်တွင် (၆)ကြိမ်မြောက် အဖြစ် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကုသိုလ်ပြုခဲ့ခြင်းဖြစ်ပါသည်။ ယနေ့ အလှူတော်တွင် သံဃ မဟာနာယက ဆရာတော်ကြီး (၃၅)ပါးနှင့် ဓမ္မာစရိယ၊ ပထမပြန်စာမေးပွဲ မေးခွန်းထုတ် / စာစစ်သံဃာတော် (၂၂၂)ပါးတို့ကို နဝကမ္မ အလှူငွေကျပ် စုစုပေါင်း သိန်း(၁၀ဝ)ကျော်နှင့် နေ့ဆွမ်း အပါအဝင် ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့World CancerDayလူထုလှုပ်ရှားမှုလမ်းလျှောက်ပွဲတွင်ဧရာဝတီဘဏ်မှ ပါဝင်ဆင်နွှဲခဲ့ခြင်း။

ယနေ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ World Cancer Day တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှကြီးမှူးကျင်းပသည့်လူထုလှုပ်ရှားမှုလမ်းလျှောက်ပွဲအစီအစဉ်၌ ဧရာဝတီဘဏ်ဝန်ထမ်းများမှတက်ကြွစွာပါဝင်ဆင်နွှဲခဲ့သည်။ နိုင်ငံတကာကင်ဆာထိန်းချုပ်ရေးအဖွဲ့ကြီးမှကြီးမှူးကျင်းပသည့် ၂၀၁၉-၂၀၂၁ အထိမ်းအမှတ်နှစ် ၃ နှစ် “I AM AND I WILL / ကျွန်ုသည် နှင့် ကျွန်ုပ်က” ခေါင်းစဉ်ဖြင့်လှုပ်ရှားမှုကြီးကိုယနေ့ကျင်းပသည့် အစီအစဉ်တွင် စတင်ခဲ့ပြီးအခမ်းအနားတွင်ကင်ဆာ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကိုလည်းပြောကြားခဲ့သည်။ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှကြီးမှူးကျင်းပသည့်ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ လူထုလမ်းလျှောက်ပွဲနှင် ့အခမ်းအနားတွင်အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊အဖွဲ့အစည်းအသီးသီးနှင့် NGOများစသည့်ကဏ္ဍပေါင်းစုံမှ ပြည်သူ (၁၇၀ဝ) ကျော်ပါဝင်လှုပ်ရှားခဲ့ကြရာတွင်ဧရာoတီဘဏ်သည်လူထုအကျိုးပြုလှုပ်ရှားမှုများတွင်ပြည်သူများ၏ယုံကြည်စိတ်ချရသောပြည်သူ့ဘဏ်အနေဖြင့်တစ်သားတည်းတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပါသည်။ #worldcancerdaymm2019

Memorandum of Understanding Signing Ceremony ဧရာဝတီဘဏ် နှင့် Smart Myanmar တို့နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

ဧရာဝတီဘဏ်နှင့် SmartMyanmar (ဂျာမန်အဖွဲ့အစည်းSequaမှအကောင်အထည်ဖော ်ဆောက်ရွက်ထားသည့်ပရောဂျက်) တို့သည်၂၀၁၉ခုနှစ်အတွင်းဘဏ္ဍာရေးဝန်ဆောင်မှုပေးနိုင်မည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအထောက်အကူပြုစီမံကိန်းများကိုအတူတကွခွဲခြမ်းစိတ်ဖြာ၍ရှေ့ပြေးစီမံကိန်းများစတင်နိုင်ရန်နှင့် လာမည့်နှစ်များတွင်ပိုမိုများပြားသောပတ်ဝန်းကျင်ဆိုင်ရာချေးငွေအစီအစဉ်များကိုလမ်းညွှန်လှုံ့ဆော်ပေးနိုင်ရန်ရည်ရွယ်၍နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို(၃၀.၁.၂၀၁၉) ရက်နေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့၊ ဧရာဝတီဘဏ်လီမိတက် (ရုံးချုပ်)တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်၏အုပ်ချုပ်မှု ဒါရိုက်တာဦးမြင့်ဇော်မှ“စီးပွားရေးလုပ်ငန်းလှုပ်ရှားမှုများနင့်စိမ်းလန်းစိုပြည်သောပတ်ဝန်းကျင်တစ်ခုကိုပံ့ပိုးပေးနိုင်ရပါမယ်။ GreenFinanceဟာကျွန်တော်တို့အတွက်ဦးတည်ချက်အသစ်တစ်ခုဖြစ်ပြီးတော့၎င်းကိုအကောင်အထည်ဖော်ဖို့အတွက်လည်းစိတ်လှုပ်ရှားမိပါတယ်” ဟု နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီးဖိတ်ကြားထားသောဂုဏ်သရေရှိလူကြီးမငးများ နှင့် ဧည့်သည်တော်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။ ဧရာဝတီဘဏ်အနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက်  AYA SME Loan နှင့်  JICA Two Step Loan တို့ဖြင့် ချေးငွေဝန်ဆောင်မှုများဆောင်ရွက်ပေးလျှက်ရှိပါသည်။ SME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ရန်နှင့် လုပ်ငန်းလည်ပတ်ရန်အတွက် AYA SME Loan ကို (၁)နှစ် မှ (၃)နှစ်အထိ အများဆုံး ကျပ်သိန်း (၅,ဝ၀ဝ)အထိ လျှောက်ထားနိုင်ပါသည်။ AYASMELoanနှင့်JICATwoStepLoanတို့အားအပေါင်ပစ္စည်းမဲ့CGI(ချေးငွေအာမခံ)စနစ်ဖြင့်မြန်မာ့အာမခံနှင့်လယ်ယာစိုက်ပျိုးရေးကဏ္ဍများအတွက်USAIDတို့မှချေးငွေအာမခံဝန်ဆောင်မှုများရယူလျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ဧရာဝတီဘဏ်[…]

Risk Based Supervision အလုပ်ရုံဆွေးနွေးပွဲ နှင့် မွမ်းမံသင်တန်း

ဧရာဝတီဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသော မူဝါဒ လုပ်ထုံးလုပ်နည်းများလိုက်နာကာ အများပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးစားလျှက်ရှိနေသည်နှင့်အညီ Risk Based Supervision အလုပ်ရုံဆွေးနွေးပွဲ နှင့် မွမ်းမံသင်တန်း တစ်ရပ်အား ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်၊ တနင်္လာနေ့ နေ့လည် (၂) နာရီ မှ နေ့လည် (၄းဝ၀) နာရီ အထိ ဧရာဝတီဘဏ် ရုံးချုပ်၊ ကျောက်တံတားမြို့နယ် (Rowe) ရှိ Pathein Room ၌ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒုတိယ ဥက္ကဌ (၁) ဒေါ်ခင်စောဦး မှ Risk Based Supervisory Framework အကြောင်းကိုလည်းကောင်း၊ Senior Chief Finance[…]

ဧရာဝတီဘဏ်လီမိတက်၏အခြေခံဘဏ်လုပ်ငန်းသင်တန်းအပါတ်စဉ်(၉၉)သင်တန်းဆင်းပွဲအခမ်းအနား

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်းသင်တန်းအပါတ်စဉ် (၉၉)သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ၁၈ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (RoweConferenceRoom) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများ ၊သင်တန်းဆရာ /ဆရာမများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီးဧရာဝတီဘဏ်၊ Chief Operating Officerဦးကျော်စိုးမင်းမှ သင်တန်းဆင်းပွဲအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများမှသင်တန်းသား/သင်တန်းသူများအားသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ဆက်လက်၍ သင်တန်းအပါတ်စဉ်(၉၉)တွင်ထူးချွန်စွာ အောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုအား မန္တလေးမြို့မှဒေါ်မွှေးသီရိထွန်း၊ဒုတိယဆုအားချောင်းသာမြို့မှဒေါ်ယဉ်မျိုးဝေနှင့် တတိယဆုအားရန်ကုန်မြို့မှဒေါ်ခင်စကားဝါဝင်းတို့မှအသီးသီးလက်ခံရရှိခဲ့ပါသည်။ အဆိုပါသင်တန်းမှာဟားခါး၊ကလေး၊တမူး၊မန္တလေး၊အုန်းချော၊ဟင်္သာတ၊ပုသိမ်၊ချောင်းသာ၊ပန်းတနော်၊လပွတ္တာ၊မြစ်ကြီးနား၊ရန်ကုန်နှင့်ရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ကြမည့်သင်တန်းသား/သင်တန်းသူ(၅၉)ဦးအားစာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းကာလအနေဖြင့် ရက်သတ္တပတ်(၅)ပတ်ကြာမြင့်ခဲ့ပါသည်။

ခေါင်းဆောင်မှုနှင့်ပြောင်းလဲခြင်း (Leadership and Transformation) executive workshop

ခေါင်းဆောင်မှုနှင့် ပြောင်းလဲခြင်း (Leadership and Transformation) ခေါင်းစဉ်ဖြင့် AYA Bankနှင့် Melbourne University ရဲ့ Graduate School ဖြစ်သော Melbourne Business School (MBS) Australia တို့မှ လက်တွဲပူးပေါင်း၍ ဒီဇင်ဘာလ ၈ ၇က် ၂၀၁၈ မှာ executive workshop တခုကို စီစဉ်ဆောင်ရွက်ခဲ့ရာသင်တန်းသို့ ဧရာဝတီဘဏ် ဥက္ကဌဦးဇော်ဇော်မှMBSနှင့်တွေ့ဆုံနှုတ်ဆက်၍ အဖွင့်မိန့်ခွန်းငြ့် အားပေးချီးမြှင့်ခဲ့ပါသည်။ မိမိတို့အနာဂတ်ခေါင်းဆောင်များ ရဲ့ယနေ့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ နှင့်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်နိုင်ရန် နိုင်ငံတကာခေတ်သစ် Digital Leadership အတွေးအခေါ် သုံးသပ်မှုနည်းလမ်း နှင့် လက်တွေ့လုပ်ငန်းများ၊အဖွဲ့အစည်း အတွေ့အကြုံများ၊ စွန့်ဦးတီထွင်မှုဆိုင်ရာ အတွေ့အကြုံများ ထဲမှလက်တွေ့လုပ်ငန်းအတွက် အထောက်အကူပြုသောနည်းဗျူဟာများ လေ့လာခဲ့ကြပါသည်။ အခမ်းအနားသို့တက်ရောက်ချီးမြှင့်၍ ဟောပြောပေးခဲ့ပါသော ဆရာ[…]

AYA Financial Group ၏ နဝမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနား

AYA Financial Group မိသားစုဝင်များ၏နဝမအကြိမ်မြောက် သီတင်းကျွတ်ဂါရဝပြုကန်တော့ပွဲ အခမ်းအနား ကို ယနေ့နံနက်(၈:ဝ၀)နာရီတွင်AYA Bank ရုံးချုပ် (ROWE) တွင် ကျင်းပခဲ့ပါတယ်။ ၄င်းကန်တော့ပွဲအခမ်းအနားတွင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ရာထူးဂုဏ်နှင့်အသက်အားဖြင့် ကြီးမြတ်ကြကုန်သောဆရာသမားပုဂ္ဂိုလ်အပေါင်းတို့အား ဝန်ထမ်းများမှ ကန်တော့ခဲ့ရာ ဥက္ကဌဦးဇော်ဇော်၊ ဧရာဝတီဘဏ်၏ဒုဥက္ကဌ(၁)ဒေါ်ခင်စောဦးနှင့် အုပ်ချုပ်မှုဒါရိုက်တာဆရာဦးမြင့်ဇော်တို့မှ ဝန်ထမ်းများအား သြဝါဒဆုပေးစကားများ ပြောကြားပေးခဲ့ပါတယ်။ စိတ်ချယုံကြည် ဧရာဝတီ – Your Trusted Partner

"Cleaning Service, Hygiene and Workplace Ethic for Cleaning Crew"

   ဧရာဝတီဘဏ်ရန်ကုန်မြို့တွင် တာဝန်ထမ်းဆောင်လျှက်ရှိကြသော သန့်ရှင်းရေးဝန်ထမ်းများ၏လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေရန်အတွက် စီမံရေးရာဌာနမှဦးဆောင်စီစဉ်ကာ သင်ကြားရေးဌာန၏ပံ့ပိုးမှုဖြင့် စက်တင်ဘာလ(၇) ရက်နေ့ နံနက် ၈နာရီခွဲမှ နေ့လည် ၂နာရီအထိ် အလုံ River View ရုံးချုပ်ရှိ Conference Room တွင် “Cleaning Service, Hygiene and Workplace Ethic for Cleaning Crew”သင်တန်းကို စီစဉ်ပြုလုပ်ပေးခဲ့ပါသည်။ သင်ကြားပေးရာတွင်သင်တန်း၏ပထမပိုင်းအဖြစ် နံနက် ၈နာရီခွဲမှ ၁၀နာရီခွဲအထိ လုပ်ငန်းတွင်း ထားရှိရမည့် ကျင့်ဝတ်စည်းကမ်းတာဝန်များ (Workplace Ethics)၊Internal/ExternalCustomerများနှင့် ထိစပ်ရသည့်လုပ်ငန်းပိုင်းများတွင် ဝန်ဆောင်မှုကောင်းမွန်စေရန် နှင့် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းမှုအတွက် ဂရုတစိုက်ဆောင်ရွက်နိုင်စေရန် Customer Service and Hygiene အကြောင်းအရာများကို ဦးသန့်ဇော်စိုး (GM, Admin) ၊ ဒေါ်အိအိအောင်[…]