Ayeyarwady Foundation funded 500 Million MMK worth of Health Insurance Benefit for Caregivers in Myanmar

        Ayeyarwady Foundation has donated the fund for Health Insurance worth 500 Million MMK for Caregivers in Myanmar, who are actively working relentlessly across the country to contain and fight against the COVID-19 spread. This funding was realized after the discussion between Dr. Myint Htwe, Union Minister for Health and Sports and U[…]

ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များ

                ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် AYA Bank သင်တန်းကျောင်း၊ မြန်မာ့လက်ရွေးစင် အသင်းများ အဆောင် (၃)ဆောင်နှင့် အမျိုးသား ဘောလုံး အကယ်ဒမီတို့ကို စောင့်ကြပ်ကြည့်ရှုခံမည့်သူ (၃၅၀) တည်းခိုနေထိုင်‌နိုင်ရန် အချိန်မီ ပြင်ဆင်မွမ်းမံ ဆောင်ရွက်ခဲ့ပါသည်။ ထို့အတူ ယနေ့အချိန်အထိ စောင့်ကြပ်ကြည့်ရှုခံယူလျက်ရှိသူ (၆၀၀)ကျော်၏ နေ့စဉ် အဆင်ပြေစွာ စားသောက်နိုင်ရေး Max Hotels Group၊ Novotel ဟိုတယ်တို့နှင့် ပူးပေါင်း၍ ချက်ပြုတ်ကျွေးမွေးလျက်ရှိပါသည်။ နေရေးထိုင်ရေး အခက်အခဲဖြစ်နေကြသော ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာ့လက်ရွေးစင် ကစားသမား အဆောင်တွင် အယောက်(၈၀)အထိ နေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီး ၎င်းတို့ သွားရေးလာရေး အတွက်ကိုလည်း[…]

ပြည်ပနိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လာသူများ အဆင်ပြေချောမွေ့စွာ Quarantine လုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဧရာဝတီဖောင်ဒေးရှင်း ပံ့ပိုးကူညီဆောင်ရွက်မည်

      ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID-19 ထိန်းချုပ်ကာကွယ်ရေးစီမံချက်ကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ အဆင်ပြေချောမွေ့စွာ Quarantine လုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီဆောင်ရွက်သွားမည် ဖြစ်သည်။ ဦးဇော်ဇော်သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဆွေး‌နွေးတိုင်ပင်ကာ AYA Bank သင်တန်းကျောင်းနှင့် ရန်ကုန်ဘောလုံး‌အကယ်ဒမီသင်တန်းကျောင်းတို့တွင် ထားရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်COVID-19ထိန်းချုပ်ကာကွယ်ရေးအတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင် အရေးပေါ်လိုအပ်နေ‌သော အထောက်အကူပြုပစ္စည်းများအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်းခဲ့ပါသည်။

ဝေဘာဂီ အထူးကုဆေးရုံကြီး နှင့် ရန်ကင်း ကလေးဆေးရုံကြီးများ၏ COVID19 ကြိုတင်ကာကွယ်၊ ကုသရေးများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၁၀၀၀) ပံ့ပိုးကူညီ

            ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် COVID19 ကြိုတင်ကာကွယ်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလာခဲ့ပါက ထိရောက်စွာ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ဝေဘာဂီ အထူးကုဆေးရုံကြီး နှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင် အရေးပေါ် လိုအပ်နေသော ငွေကျပ် သိန်း(၁၀၀၀) တန်ဖိုးရှိ ဆေးရုံသုံး စက်ပစ္စည်းများ၊ ကာကွယ်ကုသရေး အသုံးအဆောင်များကို ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၊ ဧရာဝတီဘဏ်လီမိတက်နှင့် AYA SOMPO အာမခံတို့မှ ပံ့ပိုးကူညီပေးခဲ့သည်။ ဦးဇော်ဇော်နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ရန်ကင်းကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီးနှင့်တကွ အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာဝန်၊ ဆရာမကြီးများနှင့်အတူ မတ်လ ၁၇ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အရေးပေါ် လိုအပ်လျက်ရှိသည့် Medical Ventilator၊ Oxygen Flow Meter[…]

Mandalay Smart Pay (MSP) နှင့် AYA Bank တို့၏ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်း

      Mandalay Smart Pay (MSP) နှင့် AYA Bank တို့၏ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်း အခမ်းအနား မန္တလာသူ မန္တလာသားတို့အနေဖြင့် အဆင့်မြင့်စွာ ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ မြို့တော်စည်ပင်သာယာရေး အဖိုးအခများနှင့် ပါဝင်လက်တွဲထားသောအရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည့် Mobile Application ဖြစ်သော Mandalay Smart Pay (MSP) ကို စတင် မိတ်ဆက် အသုံးပြုနိုင်ပြီဖြစ်သည်။ Mandalay Smart Pay (MSP) နှင့် AYA Bank တို့၏ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မတ်လ ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင် Mandalay Convention Centre တွင်[…]

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၈)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

        ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၈)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့၊ မွန်းလွဲ (၀၂:ဝဝ) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (ROWE) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး ဧရာဝတီဘဏ် Senior Chief Risk and Compliance Officer ဦးကိုကိုဦးမှ သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၁၀၈)တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ရာ[…]

CarsDB Auto Show Mandalay 2020 ရဲ့ နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံ မော်တော်ယာဉ် အရောင်းပြပွဲကြီး

      ကားဝယ်သူတွေအများကြီးနဲ့ စည်ကားသိုက်မြိုက်လျှက်ရှိတဲ့ CarsDB Auto Show Mandalay 2020 ရဲ့ နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံ မော်တော်ယာဉ် အရောင်းပြပွဲကြီး ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၆) ရက်နေ့တွင် Mandalay Convention Centre တွင် ကျင်းပပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ AYA Bank မှ လုပ်ငန်းပိုင်းဆိုင်ရာအရာရှိချုပ် ဒေါ်မေမြတ်သူ၊ Consumer Banking Director ဦးကောလင်းသူရမောင်တို့မှ အောင်မြင်စွာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဧရာဝတီဘဏ်လီမိတက်၏ (၂၆၁)ဘဏ်မြောက် ဘဏ်ခွဲဖွင့်လှစ်ခဲ့ခြင်း

    ဧရာဝတီဘဏ်လီမိတက်၏(၂၆၁)ဘဏ်မြောက်ဘဏ်ခွဲဖြစ်သည့် ကရင်ပြည်နယ်ကော့ကရိတ်ဘဏ်ခွဲကို အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး မိဘပြည်သူများအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။ဧရာဝတီဘဏ်ကော့ကရိတ်ဘဏ်ခွဲဖွင့်ပွဲ သို့တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်ဘဏ်များနှင့် ဧရာဝတီဘဏ်အားသုံးစွဲသူ မိဘပြည်သူအပေါင်းတို့ကို ဧရာဝတီဘဏ်လီမိတက် (ရုံးချုပ်) မှ (Senior Chief Risk and Compliance Officer)ဦးကိုကိုဦးနှင့်တိုင်းဒေသကြီးတာဝန်ခံ၊ ဇုန်တာဝန်ခံများနှင့် ဘဏ်ခွဲတာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

ဧရာဝတီဘဏ်လီမိတက်၏ (၂၆၀)ဘဏ်မြောက် ဘဏ်ခွဲဖွင့်လှစ်ခဲ့ခြင်း

      ဧရာဝတီဘဏ်လီမိတက်၏(၂၆၀)ဘဏ်မြောက်ဘဏ်ခွဲဖြစ်သည့် ပင်လုံဘဏ်ခွဲကို အမှတ်(၁၅)၊ကျောက်တိုင်လမ်း၊အမှတ်(၂)ရပ်ကွက်၊ ပင်လုံမြို့၊ လွိုင်လင်ခရိုင်၊ ရှမ်းပြည်နယ်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး မိဘပြည်သူများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။ဧရာဝတီဘဏ် ပင်လုံဘဏ်ခွဲဖွင့်ပွဲသို့ တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်ဘဏ်များနှင့် ဧရာဝတီဘဏ်အား သုံးစွဲသူ မိဘပြည်သူအပေါင်းတို့ကို ဧရာဝတီဘဏ်လီမိတက်(ရုံးချုပ်)မှ ဒုတိယဥက္ကဋ္ဌ-၁ ဒေါ်ခင်စောဦး၊ လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိချုပ် ဒေါ်မေမြတ်သူတို့နှင့်အတူ တိုင်းဒေသကြီး(၃)တာဝန်ခံနှင့် ဇုန်တာဝန်ခံများ၊ တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

ဧရာဝတီဘဏ်လီမိတက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်

      ဧရာဝတီဘဏ်လီမိတက်သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့အား တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မိမိဘဏ်၏ စီမံအုပ်ချုပ်သူများနှင့် ဝန်ထမ်းအဆင့်ဆင့် အားလုံးအား အသိပညာမြှင့်တင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ပညာပေးအစီအစဉ်အား ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတရုံးမှ (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာအမိန့် (၄၅/၂၀၁၉) နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း ညွှန်ကြားချက် (၁၈/၂၀၁၉) တို့အား သိရှိလိုက်နာ ဆောင်ရွက်ရန်အတွက် အဓိကရည်ရွယ်၍ ဧရာဝတီဘဏ် ရုံးချုပ်ရှိ BOD အဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် အရာရှိများ၊ ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ[…]

AIA Life Insurance Awareness and Sale & Marketing Training

  ဧရာဝတီဘဏ် Bancassurance Department မှ စီစဉ်ပို့ချသော “AIA Life Insurance Awareness and Sales & Marketing” Training အား ဖေဖော်ဝါရီလ ၈ ရက်နေ့ နှင့် ၂၂ ရက်နေ့တို့တွင် မေတ္တာညွန့် သင်တန်းကျောင်း၌ ပြုလုပ်ကျင်းပါခဲ့ပါသည်။ အဆိုပါသင်တန်းအား AIA မှ Trainer များက လာရောက်ပို့ချပေးခဲ့ခြင်းဖြစ်ပြီး ဧရာဝတီဘဏ် ရန်ကုန်ဘဏ်ခွဲများမှ စုစုပေါင်းဝန်ထမ်းဦးရေ (၉၈) ဦးတက်ရောက်ခဲ့ပါသည်။

CHRE (Certified HR Executive) သင်တန်း

Singapore Human Resource Institute (SHRI) နှင့် Myanmar Society for HRM တို့ ပူးပေါင်းပြီး ဧရာဝတီဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် Certified Executive (CHRE) သင်တန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဧရာဝတီဘဏ် မေတ္တာညွန့် သင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ဧရာဝတီဘဏ် People Department မှဝန်ထမ်း (၁၀) ဦး ၊ ပြင်ပအဖွဲ့အစည်းများနှင့် သင်တန်းသားများ စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်လေ့လာသင်ယူခဲ့ပါသည်။ အဆိုပါသင်တန်းအား Singapore Human Resource Institute (SHRI) မှ သင်တန်းဆရာတစ်ဦးဖြစ်သော Mr. Henri Tan မှ လာရောက်ပို့ချသင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။