ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် (၇)ရက်အတွင်း အပြီးတည်ဆောက်ခဲ့သော ကုတင် (၄၀၀)ကျော်ပါရှိသည့် Covid-19 ရောဂါကုသရေး ဌာန (သုဝဏ္ဏ)၊ ဧရာဝတီစင်တာသည် ၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းတွင် Positive လူနာများကို စတင်လက်ခံ ကုသပေးနေပြီ ဖြစ်ပါသည်။

      ဧရာဝတီစင်တာတွင် စုစုပေါင်း လူဦးရေ (၄၀၀)ကျော်ကို တပြိုင်တည်း ထားရှိ ကုသပေးနိုင်မည့် ကုသဆောင်များ၊ Intensive Care Unit၊ Duty Room (Control Center)၊ ဆေးပစ္စည်းနှင့် လိုအပ်သော ပစ္စည်းများအတွက် Store အဆောက်အဦ၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ၊ Examination Room များ၊ Swab Test ရယူမည့် Protective Chamber များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် နားနေဆောင်များ၊ အဝတ်လျှော်စက်ကြီးများ၊ Locker နှင့် ပိုးသတ်စနစ်ပါဝင်သော PPE အဝတ်လဲခန်းနှင့် ရေချိုးခန်းများ၊ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၅၀)ခန့်အတွက် အဆောင်နေရာများ၊ အဝတ်လျှော်စက်ကြီးများ၊ CCTV ဖြင့် စောင့်ကြည့်ရေးစနစ်များ၊ Fire[…]

Positive လူနာ (၄၁၆)ဦး ကုသပေးနိုင်မည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ဧရာဝတီဖောင်ဒေးရှင်းက အမြန်တည်ဆောက်လျက်ရှိ

        Covid-19 ကပ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေနိုင်ရန် ရည်ရွယ်၍ သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းတွင် Positive လူနာ (၄၁၆)ဦးနှင့် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၀၀) နေထိုင်နိုင်မည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူ တည်ဆောက်ပေးလျက် ရှိပါသည်။ အဆိုပါ ယာယီ ရောဂါကုသရေးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးဆိုင်ရာ ကိစ္စအဝဝကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်သွားမည် ဖြစ်ပြီး ယာယီ အဆောက်အဦများ တည်ဆောက်ရေးနှင့် လိုအပ်သော ပစ္စည်းများ၊ နေရေးထိုင်ရေးနှင့် နေ့စဉ် အစားအသောက် ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံသွားမည် ဖြစ်ပါသည်။

Covid-19 ဒုတိယလှိုင်းအတွက် Quarantine Centre များနှင့် လိုအပ်ချက်များ ဆက်လက် ထောက်ပံ့ကူညီပေး

    Covid-19 ကူးစက်မှု လျင်မြန်စွာ မြင့်တက်လျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် ဧရာဝတီဘဏ် သင်တန်းကျောင်းနှင့် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Quarantine Centre များအဖြစ် ထားရှိနိုင်ရန် စီမံဆောင်ရွက် ထားရှိပါသည်။ Covid-19 ကာကွယ် ကုသရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၁၀၉)ဦးကို ၂၀၂၀ စက်တင်ဘာလ (၆)ရက်နေ့မှ စတင်၍ လက်ခံထားရှိစေပြီး ၎င်းတို့၏ နေရေးထိုင်ရေးနှင့် စားသောက်ရေး ကိစ္စအဝဝကို ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

Covid-19 ကာကွယ်ကုသရေး အတွက် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ် သိန်း(၂၈၀) သွားရောက်လှူဒါန်း

        ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် Covid-19 ကူးစက်ခံရသူ (၁၀၀)ကျော်ကို အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိသော စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီး အတွက် ငွေကျပ် သိန်း(၁၆၀) တန်ဖိုးရှိ အရေးပေါ် လိုအပ်နေသော ကာကွယ်ကုသရေး ပစ္စည်းများနှင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အတွက် ကျပ်သိန်း(၁၂၀)၊ စုစုပေါင်း ငွေကျပ် သိန်း(၂၈၀)ကို ၂၀၂၀ ဩဂုတ်လ (၂၇)ရက်နေ့က သွားရောက် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သော ပစ္စည်းများတွင် ချွဲစုပ်စက် (၄)လုံး၊ Oxygen Concentrator (၅)လုံး၊ သွေးပေါင်တိုင်းစက် (၁၀)ခု၊ Infrared Thermometer (၅)ခု၊ Gown Sterilize SMS (၁၅၀)၊ Patient Monitor (၂)လုံး၊ ICU[…]

မြန်မာတစ်နိုင်ငံလုံးရှိ ကိုယ်ဝန်ဆောင်များအား ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားပြီးစဉ် အာဟာရပြည့်ဝစေရန် နှင့် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားနှုန်း မြန်ဆန်ပြီးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် လွယ်ကူချောမွေ့မြန်ဆန်စေရန် ဧရာဝတီဘဏ်၏ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သော AYA Pay အား အသုံးပြုဖို့ ရွေးချယ်ခြင်းခံရသောကြောင့် အထူးဂုဏ်ယူဝမ်းမြောက်

        မြန်မာတစ်နိုင်ငံလုံးရှိကိုယ်ဝန်ဆောင်များအားကိုယ်ဝန်ဆောင်စဉ်နှင့်ကလေးမွေးဖွားပြီးစဉ် အာဟာရပြည့်ဝစေရန် နှင့်ကလေးငယ်များခန္ဓာကိုယ်ကြီးထွားနှုန်းမြန်ဆန်ပြီးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ကြေးများပေးအပ်ရာတွင်လွယ်ကူချောမွေ့မြန်ဆန်စေရန် ဧရာဝတီဘဏ်၏ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သော AYA Pay အား အသုံးပြုဖို့ ရွေးချယ်ခြင်းခံရသောကြောင့် အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၁၃) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် AYA Bank တို့ပူပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၏ Maternal and Child Cash Transfer (MCCT) အစီအစဉ်အတွက် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူညီမှု စာချုပ်ကိုလည်း M Gallery Hotel နေပြည်တော်၌ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပါသည်။  

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင် ဧရာဝတီဘဏ်၏ ဆယ်နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ နေရာဒေသအသီးသီးရှိ ဆေးရုံ (၁၀) ရုံ၏ အထွေထွေအသုံးစရိတ်များအတွက် လှူဒါန်းမှုများ

            ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင် ဧရာဝတီဘဏ်၏ ဆယ်နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ နေရာဒေသအသီးသီးရှိ ဆေးရုံ (၁၀) ရုံ၏ အထွေထွေအသုံးစရိတ်များအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ လှူဒါန်းခဲ့သော ဆေးရုံများမှာ ရန်ကုန်မြို့ရှိ ခုတင်(၅၅၀)ဆံ့ ရန်ကင်းကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နား နှာခေါင်း လည်ချောင်း ဦးနှောက်နှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး၊ အမှတ်(၂) ပြည်ထောင်စုရိပ်သာလမ်းရှိ ရန်ကုန်ကလေးဆေးရုံကြီး၊ မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီး အစရှိသည့် ဆေးရုံကြီးများတွင် ဆေးရုံကြီးတစ်ရုံလျှင် ငွေကျပ် (၁၀) သိန်းစီဖြင့် စုစုပေါင်း[…]

ဧရာဝတီဘဏ်သည် မြန်မာတစ်နိုင်ငံလုံးတွင်ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သော ထိပ်ဆုံးကုမ္ပဏီဝင်တစ်ခုအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လက်ခံရရှိ

    ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်တွင် နိုင်ငံတော်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နှင့် အထူးကုန်စည်ခွန် အများဆုံးထမ်းဆောင်ကြသည့် ထိပ်ဆုံးကုမ္ပဏီ (၁၀)ခုကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်တွင် ဂုဏ်ပြုမှတ်တမ်း ပေးအပ် ချီးမြှင့်ခဲ့ရာ ဧရာဝတီဘဏ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော ထိပ်ဆုံးကုမ္ပဏီဝင်တစ်ခုအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လက်ခံရရှိပါသည်။ ဧရာဝတီဘဏ်သည် AYA Financial Group အဖွဲ့ဝင်ဖြစ်ပြီး AYA SOMPO၊ AYA Trust တို့ဖြင့် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကိုဆောင်ရွက်နေသည့်မြန်မာနိုင်ငံ၏နည်းပညာအခြေပြုထိပ်တန်းဘဏ်ဖြစ် သည်။

Covid-19 ကာကွယ် ကုသရေးအတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဆက်လက် ကူညီပေးလျက်ရှိ

      ဧရာဝတီဖောင်ဒေးရှင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းများမှ မိဘမဲ့ ကလေးငယ်များ၊ စစ်ဘေးရှောင် ကလေးငယ်များနှင့် နွမ်းပါး ကလေးငယ် ကျောင်းသား ကျောင်းသူများအတွက် Face Shield အခုရေ (၄,၀၀၀) နှင့် အဝတ် Mask အခုရေ (၈,၅၀၀) များကို ဇေယျာမောင်မယ် ပရဟိတ အသင်းမှတစ်ဆင့် လှူဒါန်းခဲ့သည်။ ထို့အတူ ရောဂါပိုးကင်းစင်၍ နေရပ်ပြန်ရန် အခက်အခဲ ရှိသော မလေးရှားပြန် Covid-19 Positive လူနာ (၁၂)ဦးအတွက် တစ်ဦးလျှင် (၃)သိန်းကျပ်စီ ထောက်ပံ့ ကူညီပေးခဲ့ပါသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ စောင့်ကြည့်ခံနေရသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer များ စုစုပေါင်း လူဦးရေ (၃၄၆)ဦးအတွက် နံနက်စာ၊[…]

Covid-19 ကာကွယ် ကုသရေး ဧရာဝတီ ဖောင်ဒေးရှင်းမှ ဆက်လက် ကူညီဆောင်ရွက် ပေးလျက်ရှိ

        ဧရာဝတီ ဖောင်ဒေးရှင်းသည် Covid-19 ကူးစက်ခံ လူနာများကို ကုသစောင့်ရှောက်ပေးလျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးနှင့် တောင်ဥက္ကလာပ ဆေးရုံကြီး အတွက် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန် ကျပ်သိန်း(၁၀၀)၊ ဓာတ်ခွဲ နမူနာများ ရယူပေးကြသော ရန်ကုန်တိုင်း ကျန်းမာရေး Swab Team မှ ကျန်းမာရေးဝန်ထမ်း (၃၀)ဦး အတွက် တစ်လစာ ထောက်ပံ့ငွေ (၆၃)သိန်း၊ ဧရာဝတီ တိုင်းဒေသကြီးမှ ဓာတ်ခွဲနမူနာများ ရန်ကုန်သို့ ပို့ဆောင်ရာတွင် အသုံးပြုရန် ပုသိမ်ဆေးရုံကြီးသို့ ငွေကျပ် သိန်း (၃၀)တို့ကို အသီးသီး လှူဒါန်းခဲ့ပါသည်။ ထို့အတူ ဇွန်လ(၁၁)ရက်နေ့မှ စတင်၍ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နိုင်ငံများမှ ပြန်လာသူများကို ဧရာဝတီ ဖောင်ဒေးရှင်းမှ[…]

အင်းလေးကန်ဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် စက်ယန္တရားဖြင့် (၃)နှစ်ကျော်ကြာ ပံ့ပိုးပေးခဲ့

        မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြယုဂ်တစ်ခုဖြစ်သော အင်းလေကန်ဒေသ ရေစီးရေလာ ကောင်းမွန်၍ သာယာလှပစေရေး အတွက် အမှိုက်သရိုက်၊ ဒိုက်နှင့် ရေညှိရေမှော်များ၊ နှုံးမြေ၊ သဲမြေများကို ဖယ်ရှား ရှင်းလင်းနိုင်ရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ ကုန်းရေနှစ်သွယ် အသုံးပြုနိုင်သော စက်ယန္တရား (HITACHI ZX210K-3 Amphibious Excavator) နှင့် ကျွမ်းကျင်ဝန်ထမ်းတို့ကို ၃နှစ်ကျော်ကြာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ အင်းလေးဒေသ သဘာဝ ပတ်ဝန်းကျင် ရေအရင်းအမြစ် သာယာစိုပြေ ကောင်းမွန်စေသည့် အပြင် ဒေသရှိ ကျေးရွာပေါင်း (၃၄)ရွာအတွက် ကျေးရွာချင်းဆက် လမ်းများအတွက် ၂၀၁၆ နှစ်ကုန်ပိုင်းမှ စတင်၍ မြေဖို့မြေဆယ် လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ လုပ်ငန်း[…]

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း) နှင့်ဧရာဝတီဘဏ်တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ၏ မီတာဘေလ်များကို online မှ ပေး‌ဆောင်နိုင်ရန်အတွက် YESC ရုံးချုပ်၌ လက်မှတ်ရေးထိုး

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)နှင့်ဧရာဝတီဘဏ်တို့ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၏ မီတာဘေလ်များကို online မှ ပေး‌ဆောင်နိုင်ရန်အတွက် ၂၀၂၀ပြည့်နှစ် ဇွန်လ (၅) ရက်နေ့ နံနက်တွင် YESC ရုံးချုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။မီတာဘေလ်ပေးဆောင်ရာတွင် လူကိုယ်တိုင် သွား‌ရောက်၍ တန်းစီစရာမလိုဘဲ ယခုအခါ online ဖြစ်သော AYA iBanking၊ AYA mBanking နှင့် AYA Pay တို့ဖြင့် အချိန် နေရာ မရွေး အဆင်ပြေ လွယ်ကူစွာ ပေးဆောင်နိုင်ပါသည်။ ဆက်လက်ပြီး AYA Bank အနေဖြင့် ရန်ကုန်မြို့အပြင် အခြားမြို့များအတွက် မီတာဘေလ် ပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

မြဝတီနှင့် ရမည်းသင်းတို့မှ Quarantine ဝင်နေရသူ ရွှေ့ပြောင်း အလုပ်သမားများ အတွက် လိုအပ်သည်များ ပံ့ပိုး

ဧရာဝတီ ဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားများ နေရေးထိုင်ရေး အခက်အခဲ ရှိနေသည့်အတွက် မြဝတီရှိ မက်စ်မြန်မာက ပိုင်ဆိုင်သော အဆောက်အဦ (၄)ခုတွင် လူ(၂၀၀) နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများ ၎င်းတို့ နေရပ်ပြန်ရန်အတွက် ခရီးစရိတ်အဖြစ် တစ်ဦးလျင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ ကူညီပေးခဲ့ပြီး မြဝတီမြို့နယ် အတွင်းရှိ Quarantine Center များအတွက် လိုအပ်နေသော ကော်ဇော အလိတ်(၁၀၀)နှင့်အတူ စုစုပေါင်း ငွေကျပ် သိန်း(၁၀၀) လှူဒါန်းခြင်းကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ တစ်ဆင့် ပေးအပ် လှူဒါန်းခဲ့ပါသည်။ ထို့အတူ ရွှေ့ပြောင်း အလုပ်သမား အများဆုံး ပြန်လည် ဝင်ရောက်လာသည့် မြို့နယ်တစ်ခုဖြစ်သော ရမည်းသင်းမှ မြို့နယ်[…]