AYA 100 CLASS

      

   

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀ဝ)ဆင်းပွဲ အခမ်းအနားဧရာဝတီဘဏ်လီမိတက်၏အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀ဝ)ဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့၊ နေ့လည် (၁းဝ၀) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (Rowe Conference Room)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူ များ တက်ရောက်ခဲ့ ကြပါသည်။
အစီအစဉ်အရ ဧရာဝတီဘဏ် ဥက္ကဌကိုယ်စား ဒုတိယ ဥက္ကဌ ဦးသန်းဇော် မှ သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ဆက်လက်၍ သင်တန်း အပါတ်စဉ် (၁၀ဝ) တွင် ထူးချွန်စွာ အောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုအား မကွေးမြို့မှ ဒေါ်ပြုံးသက်ခိုင်၊ ဒုတိယဆုအား မကွေးမြို့ မှ ဒေါ်ဖြူဖွေးသန့် နှင့် တတိယဆုအား နေပြည်တော် မှ ဒေါ်နှင်းနုနုဝေ တို့မှအသီးသီးလက်ခံရရှိခဲ့ပါသည်။ ယခုသင်တန်းမှာ နေပြည်တော်၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်၊ မိုးကုတ်၊ တောင်ကြီး၊ လွိုင်ကော်၊ တာချီလိတ်၊ ဟားခါး၊ အောင်လံ၊ မကွေး၊ သံတွဲ၊ ကျိုက်ထို၊ စစ်တွေ၊ သထုံ၊ သန်လျင်၊ ကျောက်တန်း၊ သီလဝါ၊ ရမည်းသင်း၊ မလှိုင် နှင့် ရန်ကုန်တို့တွင်တာဝန်ထမ်းဆောင်ကြမည့်သင်တန်းသား/သင်တန်းသူ(၁၀၁)ဦးအားစာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းကာလအနေဖြင့် ရက်သတ္တပတ်(၅)ပတ်ကြာမြင့်ခဲ့ပါသည်။