AYA Bank မှ Diamond sponsor အဖြစ်ပံ့ပိုးကူညီထားသော မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MRYEA)၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကျင်းပပြုလုပ်

AYA Bank မှ Diamond sponsor အဖြစ်ပံ့ပိုးကူညီထားသော မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MRYEA)၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ မှ (၂၅)ရက်နေ့အထိ နှစ်ရက်တိုင်တိုင် အမျိုးသားကဇာတ်ရုံ (မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားတွင် စီးပွားရေးဆိုင်ရာ စကားဝိုင်းနှင့် ဟောပြောပွဲများကို ဝါရင့်အတွေ့ကြုံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အောင်မြင်သော စွန့်ဦးတီထွင် လုပ်ငန်းရှင်များက ဗဟုသုတရစရာ ခေါင်းစဉ် အကြောင်းအရာများဖြင့် ပါဝင်ဆွေးနွေး ဟောပြောသွားခဲ့ပါတယ်။
AYA Bank မှလည်း ကိုယ်ပိုင်အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် SME Shop Owner Loan ချေးငွေအကြောင်းကို ရှင်းလင်းပြောကြားသွားခဲ့ပြီး AYA Bank ၏ Point of Sales (POS) ငွေချေစက်ကို စိတ်ဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များက အခမ်းအနားအချိန်အတွင်း စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ကြပါတယ်။