AYA Financial Group ၏ ဒဿမအကြိမ်မြောက် ဝါကျွတ် ကန်တော့ပွဲ အခမ်းအနား

        

AYA Financial Group မိသားစုဝင်များ၏ ဒဿမအကြိမ်မြောက်ဝါကျွတ် ကန်တော့ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၀) ရက်‌နေ့ နံနက် (၈း၀၀) နာရီတွင် ဧရာဝတီဘဏ် ရုံးချုပ် အဆောက်အဦး (ROWE) တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ရာထူးဂုဏ်နှင့် အသက်အားဖြင့် ကြီးမြတ်ကြကုန်သော ဆရာသမား ပုဂ္ဂိုလ်အပေါင်းတို့အား ဥက္ကဌဦးဇော်ဇော်နှင့် ဝန်ထမ်းများမှ ဦးစွာ ပထမကန်တော့ခဲ့ရာ ကန်တော့ခံ ဒုတိယဥက္ကဌ (၁) ဒေါ်ခင်စောဦး၊ ဒုတိယဥက္ကဌ (၂) ဦးသန်းဇော် နှင့် ပြင်ပအမှုဆောင်ဒါရိုက်တာ Prof. Dr.အောင်ထွန်းသက်တို့မှ ဝန်ထမ်းများအား ဆုပေးစကားများ ပြောကြားခဲ့ပါသည်။၎င်းနောက် ဥက္ကဌဦးဇော်ဇော်နှင့် ကန်တော့ခံပုဂ္ဂိုလ်များအား ဆက်လက် ကန်တော့ခဲ့ရာ ဥက္ကဌဦးဇော်ဇော်မှ ဩဝါဒ ဆုပေးစကားများ ပြောကြားခဲ့ပါသည်။