Ayeyarwady Foundationရဲ့ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အဆောက်အဦးနှင့် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီမှုနဲ့အတူ COVID-19အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ ကျပ်သိန်းပေါင်း ၈,၃၀၀ ကျော်လှူဒါန်း

  
ရန်ကုန်၊ဧပြီလ – ၅ ရက်။မနက် ၈နာရီခွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Ayeyarwady Foundation ရဲ့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အဆောက်အဦနှင့် စေတနာ့ဝန်ထမ်းအင်အားပံ့ပိုးကူညီမှုနဲ့အတူ COVID-19 အတွက် လှူဒါန်းငွေပေးအပ်ပွဲ အခမ်း အနားကို ကျိုက္ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ AYA Foundation အနေဖြင့်ကျန်းမာရေးအာမခံရန်ပုံငွေ (သိန်း ၅,၀၀၀) အပါအဝင်၊ ဝေဘာဂီဆေးရုံနှင့် ရန်ကင်းကလေးဆေးရုံသို့ (သိန်း ၅၀၀) စီ၊ COVID -19 ကပ်ရောဂါ ကာကွယ်ရေးအတွက် Quarantine Center (၅) နေရာများဖြစ်ကြသည့် ( ဘောလုံး အကယ်ဒမီ၊ လက်ရွေးစင် အိပ်ဆောင် ၁, ၂, ၃ & AYA Bank သင်တန်း ကျောင်း (အဆောက်အဦ ၁ & ၂ ) စသည့် နေရာများတွင် ပြည်ပမှပြန်လည်ရောက်ရှိလာသူများနှင့်နေ့တဒူဝကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဆရာဝန်များ၊ဓါတ်ခွဲခန်းဝန်ထမ်းများ၊သူနာပြုများစသည့် ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေး၊သယ်ယူပို့ဆောင်ရေး၊ တခြား Quarantine Centers များတွင်နေထိုင်နေကြသောသူများ၏ စားသောက်ရေးဆိုင်ရာကိစ္စရပ်များ၊ အဆောင်များတွင် နေထိုင်ရေးအတွက် လိုအပ်သော Facility ပစ္စည်းများပြည့်စုံလုံလောက်မှုရှိစေရေးအတွက် ဝယ်ယူရေးကုန်ကျစရိတ်၊ ကျန်းမာရေးအတွက်ဆေးရုံသုံးပစ္စည်းများထောက်ပံ့ပေးရေး အစရှိသည့် ကုန်ကျစရိတ် စုစုပေါင်းကျပ်ငွေ (သိန်းပေါင်း ၈,၃၀၀)အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
***ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့အချိန်မှာဆောင်ရွက်လှူဒါန်းပေးပါသော Ayeyarwady Foundation မှ တာဝန်ရှိပုဂ္ဂိုလ်များ၊COVID-19 အတွက် Quarantine Camps (၅)ခု၏ အုပ်ချုပ်မှူဆိုင်ရာ ကိစ္စရပ်များအား အချိန်တိုအတွင်း ပြည့်စုံအောင်စီမံ ဆောင်ရွက်ပေးကြပါသော ဧရာဝတီဘဏ် နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ ဝန်ထမ်းများ၊ဘောလုံးအဖွဲ့ချုပ်ဝန်ထမ်းများအားလှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။