ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် (၇)ရက်အတွင်း အပြီးတည်ဆောက်ခဲ့သော ကုတင် (၄၀၀)ကျော်ပါရှိသည့် Covid-19 ရောဂါကုသရေး ဌာန (သုဝဏ္ဏ)၊ ဧရာဝတီစင်တာသည် ၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းတွင် Positive လူနာများကို စတင်လက်ခံ ကုသပေးနေပြီ ဖြစ်ပါသည်။

      ဧရာဝတီစင်တာတွင် စုစုပေါင်း လူဦးရေ (၄၀၀)ကျော်ကို တပြိုင်တည်း ထားရှိ ကုသပေးနိုင်မည့် ကုသဆောင်များ၊ Intensive Care Unit၊ Duty Room (Control Center)၊ ဆေးပစ္စည်းနှင့် လိုအပ်သော ပစ္စည်းများအတွက် Store အဆောက်အဦ၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ၊ Examination Room များ၊ Swab Test ရယူမည့် Protective Chamber များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် နားနေဆောင်များ၊ အဝတ်လျှော်စက်ကြီးများ၊ Locker နှင့် ပိုးသတ်စနစ်ပါဝင်သော PPE အဝတ်လဲခန်းနှင့် ရေချိုးခန်းများ၊ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၅၀)ခန့်အတွက် အဆောင်နေရာများ၊ အဝတ်လျှော်စက်ကြီးများ၊ CCTV ဖြင့် စောင့်ကြည့်ရေးစနစ်များ၊ Fire[…]

Positive လူနာ (၄၁၆)ဦး ကုသပေးနိုင်မည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ဧရာဝတီဖောင်ဒေးရှင်းက အမြန်တည်ဆောက်လျက်ရှိ

        Covid-19 ကပ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေနိုင်ရန် ရည်ရွယ်၍ သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းတွင် Positive လူနာ (၄၁၆)ဦးနှင့် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၀၀) နေထိုင်နိုင်မည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူ တည်ဆောက်ပေးလျက် ရှိပါသည်။ အဆိုပါ ယာယီ ရောဂါကုသရေးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးဆိုင်ရာ ကိစ္စအဝဝကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်သွားမည် ဖြစ်ပြီး ယာယီ အဆောက်အဦများ တည်ဆောက်ရေးနှင့် လိုအပ်သော ပစ္စည်းများ၊ နေရေးထိုင်ရေးနှင့် နေ့စဉ် အစားအသောက် ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံသွားမည် ဖြစ်ပါသည်။

Covid-19 ဒုတိယလှိုင်းအတွက် Quarantine Centre များနှင့် လိုအပ်ချက်များ ဆက်လက် ထောက်ပံ့ကူညီပေး

    Covid-19 ကူးစက်မှု လျင်မြန်စွာ မြင့်တက်လျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် ဧရာဝတီဘဏ် သင်တန်းကျောင်းနှင့် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Quarantine Centre များအဖြစ် ထားရှိနိုင်ရန် စီမံဆောင်ရွက် ထားရှိပါသည်။ Covid-19 ကာကွယ် ကုသရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၁၀၉)ဦးကို ၂၀၂၀ စက်တင်ဘာလ (၆)ရက်နေ့မှ စတင်၍ လက်ခံထားရှိစေပြီး ၎င်းတို့၏ နေရေးထိုင်ရေးနှင့် စားသောက်ရေး ကိစ္စအဝဝကို ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

Covid-19 ကာကွယ်ကုသရေး အတွက် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ် သိန်း(၂၈၀) သွားရောက်လှူဒါန်း

        ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် Covid-19 ကူးစက်ခံရသူ (၁၀၀)ကျော်ကို အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိသော စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီး အတွက် ငွေကျပ် သိန်း(၁၆၀) တန်ဖိုးရှိ အရေးပေါ် လိုအပ်နေသော ကာကွယ်ကုသရေး ပစ္စည်းများနှင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အတွက် ကျပ်သိန်း(၁၂၀)၊ စုစုပေါင်း ငွေကျပ် သိန်း(၂၈၀)ကို ၂၀၂၀ ဩဂုတ်လ (၂၇)ရက်နေ့က သွားရောက် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သော ပစ္စည်းများတွင် ချွဲစုပ်စက် (၄)လုံး၊ Oxygen Concentrator (၅)လုံး၊ သွေးပေါင်တိုင်းစက် (၁၀)ခု၊ Infrared Thermometer (၅)ခု၊ Gown Sterilize SMS (၁၅၀)၊ Patient Monitor (၂)လုံး၊ ICU[…]

Covid-19 ကာကွယ် ကုသရေးအတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဆက်လက် ကူညီပေးလျက်ရှိ

      ဧရာဝတီဖောင်ဒေးရှင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းများမှ မိဘမဲ့ ကလေးငယ်များ၊ စစ်ဘေးရှောင် ကလေးငယ်များနှင့် နွမ်းပါး ကလေးငယ် ကျောင်းသား ကျောင်းသူများအတွက် Face Shield အခုရေ (၄,၀၀၀) နှင့် အဝတ် Mask အခုရေ (၈,၅၀၀) များကို ဇေယျာမောင်မယ် ပရဟိတ အသင်းမှတစ်ဆင့် လှူဒါန်းခဲ့သည်။ ထို့အတူ ရောဂါပိုးကင်းစင်၍ နေရပ်ပြန်ရန် အခက်အခဲ ရှိသော မလေးရှားပြန် Covid-19 Positive လူနာ (၁၂)ဦးအတွက် တစ်ဦးလျှင် (၃)သိန်းကျပ်စီ ထောက်ပံ့ ကူညီပေးခဲ့ပါသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ စောင့်ကြည့်ခံနေရသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer များ စုစုပေါင်း လူဦးရေ (၃၄၆)ဦးအတွက် နံနက်စာ၊[…]

အင်းလေးကန်ဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် စက်ယန္တရားဖြင့် (၃)နှစ်ကျော်ကြာ ပံ့ပိုးပေးခဲ့

        မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြယုဂ်တစ်ခုဖြစ်သော အင်းလေကန်ဒေသ ရေစီးရေလာ ကောင်းမွန်၍ သာယာလှပစေရေး အတွက် အမှိုက်သရိုက်၊ ဒိုက်နှင့် ရေညှိရေမှော်များ၊ နှုံးမြေ၊ သဲမြေများကို ဖယ်ရှား ရှင်းလင်းနိုင်ရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ ကုန်းရေနှစ်သွယ် အသုံးပြုနိုင်သော စက်ယန္တရား (HITACHI ZX210K-3 Amphibious Excavator) နှင့် ကျွမ်းကျင်ဝန်ထမ်းတို့ကို ၃နှစ်ကျော်ကြာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ အင်းလေးဒေသ သဘာဝ ပတ်ဝန်းကျင် ရေအရင်းအမြစ် သာယာစိုပြေ ကောင်းမွန်စေသည့် အပြင် ဒေသရှိ ကျေးရွာပေါင်း (၃၄)ရွာအတွက် ကျေးရွာချင်းဆက် လမ်းများအတွက် ၂၀၁၆ နှစ်ကုန်ပိုင်းမှ စတင်၍ မြေဖို့မြေဆယ် လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ လုပ်ငန်း[…]

မိဘမဲ့ ကလေးငယ်များနှင့် အဘိုးအဘွားများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီ

          ဦးဇော်ဇော်၏ သား၊ သမီးနှင့် သူငယ်ချင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အခက်အခဲ အကျပ်အတည်း ရှိနေသော မိဘမဲ့ ကလေးငယ်များနှင့် အဘိုးအဘွား များအတွက် သွားရောက် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ပါသည်။ ၂၀၂၀ ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာရှိ မျိုးဆက်သစ် ပရဟိတကျောင်းမှ မိဘမဲ့ နို့စို့ကလေးအရွယ် (၃၃)ဦး၊ ၄နှစ်မှ ၆နှစ်ကြား ကလေးငယ် (၆၈)ဦး၊ ကျောင်းသား (၄၂)ဦးနှင့် သံဃာတော်များအပါအဝင် စုစုပေါင်း (၁၅၂)ဦးအတွက် ဆန်၊ ဆီ၊ ကလေးနို့မှုန့်၊ ကလေးအရုပ်များနှင့် ငွေကျပ် (၁၀)သိန်းကို ဆရာတော် ဦးဓမ္မနန္ဒထံသို့ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက်တွင်[…]

မြဝတီနှင့် ရမည်းသင်းတို့မှ Quarantine ဝင်နေရသူ ရွှေ့ပြောင်း အလုပ်သမားများ အတွက် လိုအပ်သည်များ ပံ့ပိုး

ဧရာဝတီ ဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားများ နေရေးထိုင်ရေး အခက်အခဲ ရှိနေသည့်အတွက် မြဝတီရှိ မက်စ်မြန်မာက ပိုင်ဆိုင်သော အဆောက်အဦ (၄)ခုတွင် လူ(၂၀၀) နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများ ၎င်းတို့ နေရပ်ပြန်ရန်အတွက် ခရီးစရိတ်အဖြစ် တစ်ဦးလျင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ ကူညီပေးခဲ့ပြီး မြဝတီမြို့နယ် အတွင်းရှိ Quarantine Center များအတွက် လိုအပ်နေသော ကော်ဇော အလိတ်(၁၀၀)နှင့်အတူ စုစုပေါင်း ငွေကျပ် သိန်း(၁၀၀) လှူဒါန်းခြင်းကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ တစ်ဆင့် ပေးအပ် လှူဒါန်းခဲ့ပါသည်။ ထို့အတူ ရွှေ့ပြောင်း အလုပ်သမား အများဆုံး ပြန်လည် ဝင်ရောက်လာသည့် မြို့နယ်တစ်ခုဖြစ်သော ရမည်းသင်းမှ မြို့နယ်[…]

ဧရာ၀တီဖောင်ဒေးရှင်းမှ ဆန်အိတ် (၁၅၀၀၀)အား မြန်မာနိုင်ငံအတွင်းရှိ COVID-19 ကြောင့် လိုအပ်သည့် နေရာများတွင်အသုံးပြုနိုင်ရန်လှူဒါန်း

                ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌဦးဇော်ဇော်နှင့်ဘုတ်အဖွဲ့ဝင်များ၏ဆွေးနွေးတိုင်ပင်မှုဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ COVID-19 ကြောင့်လိုအပ်သည့်နေရာဒေသများတွင် အသုံးပြုနိုင်ရန်အတွက် သိန်း (၄၀၀၀ )တန်ဖိုးရှိဆန်အိတ်ရေ (၁၅၀၀၀)ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှတစ်ဆင့်လှူဒါန်းသွားရန်ဆုံးဖြတ်ခဲ့ပါသည်။ဧပြီလ(၆)ရက်နေ့မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းထံသို့ ဆန်အိတ်(၂၅၀၀)၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ထံသို့ ဆန်အိတ် (၂၅၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်နိုင်ထံသို့ ဆန်အိတ်(၁၀၀၀)၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ဆန်အိတ် (၁၀၀၀)၊ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို ထံသို့ ဆန်အိတ် (၁၀၀၀)၊ စုစုပေါင်း ဆန်အိတ်ရေ (၈၀၀၀)ကို ကူညီထောက်ပံ့ခဲ့ပြီး ဖြစ်သည်။ ကျန်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆန်အိတ်ရေ (၇၀၀၀)ကိုလည်း လာမည့် ရက်ပိုင်းအတွင်း[…]

Ayeyarwady Foundation funded 500 Million MMK worth of Health Insurance Benefit for Caregivers in Myanmar

        Ayeyarwady Foundation has donated the fund for Health Insurance worth 500 Million MMK for Caregivers in Myanmar, who are actively working relentlessly across the country to contain and fight against the COVID-19 spread. This funding was realized after the discussion between Dr. Myint Htwe, Union Minister for Health and Sports and U[…]

ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များ

                ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် AYA Bank သင်တန်းကျောင်း၊ မြန်မာ့လက်ရွေးစင် အသင်းများ အဆောင် (၃)ဆောင်နှင့် အမျိုးသား ဘောလုံး အကယ်ဒမီတို့ကို စောင့်ကြပ်ကြည့်ရှုခံမည့်သူ (၃၅၀) တည်းခိုနေထိုင်‌နိုင်ရန် အချိန်မီ ပြင်ဆင်မွမ်းမံ ဆောင်ရွက်ခဲ့ပါသည်။ ထို့အတူ ယနေ့အချိန်အထိ စောင့်ကြပ်ကြည့်ရှုခံယူလျက်ရှိသူ (၆၀၀)ကျော်၏ နေ့စဉ် အဆင်ပြေစွာ စားသောက်နိုင်ရေး Max Hotels Group၊ Novotel ဟိုတယ်တို့နှင့် ပူးပေါင်း၍ ချက်ပြုတ်ကျွေးမွေးလျက်ရှိပါသည်။ နေရေးထိုင်ရေး အခက်အခဲဖြစ်နေကြသော ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာ့လက်ရွေးစင် ကစားသမား အဆောင်တွင် အယောက်(၈၀)အထိ နေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီး ၎င်းတို့ သွားရေးလာရေး အတွက်ကိုလည်း[…]

ပြည်ပနိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လာသူများ အဆင်ပြေချောမွေ့စွာ Quarantine လုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဧရာဝတီဖောင်ဒေးရှင်း ပံ့ပိုးကူညီဆောင်ရွက်မည်

      ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID-19 ထိန်းချုပ်ကာကွယ်ရေးစီမံချက်ကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ အဆင်ပြေချောမွေ့စွာ Quarantine လုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီဆောင်ရွက်သွားမည် ဖြစ်သည်။ ဦးဇော်ဇော်သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဆွေး‌နွေးတိုင်ပင်ကာ AYA Bank သင်တန်းကျောင်းနှင့် ရန်ကုန်ဘောလုံး‌အကယ်ဒမီသင်တန်းကျောင်းတို့တွင် ထားရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်COVID-19ထိန်းချုပ်ကာကွယ်ရေးအတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင် အရေးပေါ်လိုအပ်နေ‌သော အထောက်အကူပြုပစ္စည်းများအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်းခဲ့ပါသည်။