ဧရာဝတီဖောင်ဒေးရှင်း အနေနဲ့ မလေးရှားက ပြန်လာတဲ့ Covid-19 Positive လူနာ(၇)ဦးအတွက် ငါးသိန်းစီနဲ့ Facility Quarantine ဝင်နေတဲ့သူတွေထဲကမှ အထိန်းသိမ်းခံရပြီး ပြန်ရောက်လာသူ (၂၈)ဦးအတွက် တစ်သိန်းစီ ထောက်ပံ့ကူညီ

    ဧရာဝတီဖောင်ဒေးရှင်း အနေနဲ့ မလေးရှားက ပြန်လာတဲ့ Covid-19 Positive လူနာ(၇)ဦးအတွက် ငါးသိန်းစီနဲ့ Facility Quarantine ဝင်နေတဲ့သူတွေထဲကမှ အထိန်းသိမ်းခံရပြီး ပြန်ရောက်လာသူ (၂၈)ဦးအတွက် တစ်သိန်းစီ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ထို့အတူ ပြည်ပနိုင်ငံ အသီးသီးက ပြန်ရောက်လာသူ (၅၀၀)ကျော်ကို မိမိတို့ရဲ့ Quarantine စင်တာမှာ အဆင်ပြေစွာ နေထိုင်၊ စားသောက်နိုင်စေဖို့ မေတ္တာဖြင့် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ တစ်ချိန်က မလေးရှား အကျဉ်းထောင်မှာ အထိန်းသိမ်း ခံထားရသူတွေကို သွားရောက်တွေ့ဆုံပြီး ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ကို အိမ်ပြန်နိုင်ဖို့ အတွက် ကူညီပေးခဲ့ ဖူးပါတယ်။ ဒါကြောင့်မို့ အထိန်းခံ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲ၊ ဒုက္ခတွေကို ပိုပြီးတော့ သိနေခဲ့ပါတယ်။ တကယ်တော့ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်[…]

မှော်ဘီမြို့သို့ရောက်ရှိနေသော ချင်းပြည်နယ်ပလက်ဝမှ စစ်ဘေးရှောင်များအတွက်ထောက်ပံ့ကူညီ

ဧရာဝတီဖောင်ဒေးရှင်းတာဝန်ရှိသူများသည်တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်နှင့်အတူမှော်ဘီမြို့နယ်၊စာဖြူစုရပ်ကွက်သို့သွားရောက်ကာချင်းပြည်နယ် ပလက်ဝမြို့မှရောက်ရှိနေထိုင်လျက်ရှိသောစစ်ဘေးရှောင်များကိုတွေ့ဆုံအားပေးကာ ၎င်းတို့အတွက် လိုအပ်နေသော စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့ပါသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ နေထိုင်ကြခြင်း ဖြစ်ပြီး ၎င်းတို့၏ နေထိုင်စားသောက်ရေး အခက်အခဲများကို ပြေလည်စေရန် အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သိန်းစီနှင့် ဆန်၊ ဆီ အစရှိသည့် စားနပ်ရိက္ခာများကို လှူဒါန်းခဲ့ပါသည်။

COVID-19 ကုသကာကွယ်ရန် ဆောင်ရွက်နေသော ပုသိမ် ဆေးရုံကြီးသို့ ငွေကျပ် သိန်း(၁၅၀)လှူဒါန်း

        ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ကုသကာကွယ်ရန် ဆောင်ရွက်နေသော ပုသိမ် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ လိုအပ်သလို အသုံးပြုနိုင်ရန်နှင့် ဆေးရုံကြီး၏ အထွေထွေ လိုအပ်ချက်များ၊ ပြင်ဆင်ရန် လိုအပ်နေသော စက်ပစ္စည်းများ ပြန်လည် ပြုပြင်နိုင်ရန် အတွက် ငွေကျပ် သိန်း(၁၅၀) လှူဒါန်းခဲ့ပါသည်။ ထို့အတူ မလေးရှားမှ ပြန်လည် ရောက်ရှိလာသည့် COVID-19 ကူးစက်ခံရသူနှင့် ၎င်း၏ မိသားစု အဆင်ပြေစေရန် ငွေကြေး (၅)သိန်း ထောက်ပံ့ ကူညီပေးခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းမှ ဆေးရုံများ၊ Emergency Ambulance Service (EAS) နှင့် လူမှုရေး အသင်းအဖွဲ့များသို့ အရေးပေါ်လူနာ သယ်ယူပို့ဆောင်နိုင်ရန် ကုသရေး[…]

COVID-19 ကူးစက်ခံရ၍ မိသားစုအတွက် အခက်အခဲ ရှိနေသူများ အတွက် ငွေကျပ် (၅)သိန်းစီ ထောက်ပံ့လှူဒါန်း

ဧရာဝတီ ဖောင်ဒေးရှင်းမှ ဦးဇော်ဇော်နှင့် အမှုဆောင်ဖြစ်သူ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့သည် ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ၊ တောင်ဥက္ကလာပ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးတို့နှင့် ဆွေးနွေးတိုင်ပင်၍ အကြောင်း အမျိုးမျိုးကြောင့် COVID-19 ကူးစက်ခံရကာ မိသားစုအတွက် အမှန်တကယ် အခက်အခဲ ရှိနေသူ (၁၉)ဦးကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရန် အတွက် စာနာစိတ်ဖြင့် ငွေကျပ် (၅)သိန်းစီ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ထိုကဲ့သို့ ထောက်ပံ့လှူဒါန်းပေးနိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော ဆရာဝန်၊ ဆရာမများ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။

COVID-19 ကြောင့် ရပ်နားထားသော ဂေါက်ကွင်း (၃)ကွင်းရှိ အခြေခံ ဝန်ထမ်းများ နှင့် ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများအတွက် ထောက်ပံ့လှူဒါန်း

            COVID-19 ကြောင့် ရပ်နားထားသော တောင်ဥက္ကလာပ ဂေါက်ကွင်း၊ မြို့တော်ဂေါက်ကွင်းနှင့် ဒဂုံဂေါက်ကွင်းတို့မှ နေ့စားနှင့် အခြေခံလုပ်သားများ၊ ကယ်ဒီများ၊ အခြား ဝန်ထမ်းများ အစရှိသည့် ဂေါက်ကွင်းလုပ်သားများ၊ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းမှ ကျောင်းသားများ အစရှိသည့် စုစုပေါင်း လူဦးရေ (၂,၀၀၀) ၏ စားဝတ်နေရေး လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ကူညီ ဖြည့်ဆည်းပေးသော အားဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ စုစုပေါင်း ငွေကျပ် သိန်း (၃၀၀) တန်ဖိုးရှိ ဆန်၊ ဆီအစရှိသည့် စားသောက်ကုန်များကို သွားရောက် လှူဒါန်းခဲ့ပါသည်။

COVID-19 လူနာများကို ကုသပေးနေသော ကျန်ရှိသည့် ဆေးရုံများသို့ ကျပ်သိန်း(၄၅၀) ဆက်လက် ထောက်ပံ့လှူဒါန်း

          ဧရာဝတီ ဖောင်ဒေးရှင်းသည် COVID-19 ကူးစက်ခံ ရသူများကို ကုသပေးလျက် ရှိသော ဟားခါး၊ မူဆယ်၊ မတ္တရာ၊ ကျိုင်းတုံမြို့ ပြည်သူ့ ဆေးရုံများမှ သက်ဆိုင်ရာ ဆရာဝန်များနှင့် ဆွေးနွေး တိုင်ပင်ကာ ၎င်းတို့အတွက် လိုအပ်လျက်ရှိသော သိန်း(၃၃၀) တန်ဖိုးရှိ ဆေးရုံသုံး ကာကွယ် ကုသရေး ပစ္စည်းများကို ဖြည့်ဆည်း လှူဒါန်း ပေးခဲ့ပါသည်။ ထို့အတူ COVID-19 လူနာများကို ကုသပေးလျက် ရှိသော ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ လိုအပ်သော နေရာများတွင် အသုံးပြုနိုင်ရန် အတွက် ငွေကျပ် သိန်း (၁၂၀)ကိုလည်း လှူဒါန်းခဲ့ပါသည်။ မတ်လ(၆)ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှ ပြန်လည်[…]

COVID-19 ဓာတ်ခွဲနမူနာ ဘေးကင်း လုံခြုံစွာ ရယူနိုင်ရန် Protective Chamber များလှူဒါန်း

        နိုင်ငံအနှံ့အပြား ပြည်သူ့ ဆေးရုံများရှိ ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် COVID-19 ဓာတ်ခွဲ နမူနာများ ဘေးကင်း လုံခြုံစွာ ရယူနိုင်ရန် ရည်ရွယ်၍ ဦးဇော်ဇော်နှင့် မိသားစု၊ ဧရာဝတီ ဖောင်ဒေးရှင်း အမှုဆောင် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့သည် ငွေကျပ် သိန်း(၃၀၀) တန်ဖိုးရှိ Protective Chamber အလုံး (၅၀)ကို ဆေးတက္ကသိုလ်(၁)၊ ဒုတိယ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမြင့်မြင့်ငြိမ်း၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူးချုပ် ‌ဒေါက်တာထွန်းမြင့် တို့ထံသို့ ဧပြီလ ၂၄ရက်နေ့ နံနက်ပိုင်းက ပေးအပ် လှူဒါန်းခဲ့သည်။ အဆိုပါ Protective Chamber များကို[…]

ကလေးနှင့် တီးတိန် ပြည်သူ့ ဆေးရုံများသို့ ငွေကျပ် သိန်း(၃၀၀)တန်ဖိုးရှိ COVID-19 ကာကွယ် ကုသရေး ပစ္စည်းများ လှူဒါန်း

            COVID-19 ကူးစက် ခံထားရသူ အတည်ပြု စာရင်းအရ ကလေးမြို့နယ် တိုင်းရင်း ဆေးရုံကြီးတွင် (၆)ဦး၊ တီးတိန်မြို့နယ် ပြည်သူ့ ဆေးရုံတွင် (၅)ဦးတို့ကို အနီးကပ် ကြပ်မတ် ကုသပေးလျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများ၊ တာဝန်ခံများနှင့် ဆွေးနွေးတိုင်ပင်၍ ၎င်းတို့အတွက် လိုအပ်လျက် ရှိသော ငွေကျပ် သိန်း(၃၀၀) တန်ဖိုးရှိ ကာကွယ် ကုသရေး ပစ္စည်းများကို ဧပြီလ (၂၃)ရက်နေ့နှင့် (၂၄)နေ့တို့တွင် အရောက်ပို့ဆောင် လှူဒါန်းခဲ့ပါသည်။

ဝေဘာဂီ အထူးကု ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် လစာ တစ်လစာ ချီးမြှင့်လှူဒါန်း

   COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် လျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ယူလေးစား ကျေးဇူးတင်စွာဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဧပြီလအတွက် လုပ်ခလစာ တစ်လစာ ချီးမြှင့်လှူဒါန်း ခဲ့ပါသည်။ အဆိုပါ ကျန်းမာရေး ဝန်ထမ်းများသည် အနီးကပ် ကြပ်မတ်ကုသ ခံနေရသူ (၂)ဦး အပါအဝင် COVID-19 လူနာ စုစုပေါင်း (၇၅)ဦးကို ရောဂါ သက်သာ ပျောက်ကင်းစေရန်နှင့် ထပ်မံကူးစက် ပြန့်ပွားခြင်း မရှိစေရန် ကိုယ်ကျိုးမငဲ့ဘဲ မရပ်မနား ကြိုးပမ်း ဆောင်ရွက် နေကြသူများ ဖြစ်ပါသည်။ ဦးဇော်ဇော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများသည် ဧပြီလ[…]

Ayeyarwady Foundation မှ ဥက္ကဋ္ဌဦးဇော်ဇော် ရန်ကင်းကလေးဆေးရုံကြီးတွင် မွေးနေ့အတွက်အလှူများပြုလုပ်ခဲ့။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၂)ရက်နေ့တွင် အသက် (၄၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ဦးဇော်ဇော်သည် ထိုနေ့နံနက်ပိုင်းတွင် ရန်ကင်းကလေးဆေးရုံကြီးသို့သွားရောက်ခဲ့ပြီး မွေးနေ့အလှူများပြုလုပ်ခဲ့ကာ လူနာများကိုလည်း လိုက်လံအားပေးစကား ပြောကြားခဲ့ပါသည်။ အနယ်နယ်အရပ်ရပ်က လာရောက်ဆေးကုသနေကြသူများအတွက် နေ့စဉ်အာဟာရထမင်းဟင်းအပြင် သီးခြားဖြည့်စွက် အာဟာများပါ ကျွေးမွေးလှူဒါန်းခဲ့သည်။ ကလေးများပျော်ရွှင်စေဖို့အတွက် ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သားများက အရုပ်လက်ဆောင်များပေးခဲ့ကြသည်။ထို့အတူ ဆေးရုံရှိဝန်ထမ်းများအားလုံးကို ဒံပေါက်ထမင်းကျွေးမွေးခဲ့ကာ ဝန်ထမ်းများအတွက် ငွေကျပ်သိန်း (၅၀) လှူဒါန်းခဲ့ကြသည်။ ထို့အတူ ဆေးရုံကြီးအတွက် ငွေကျပ် (၄၅)သိန်းတန်ဖိုးရှိသည့် အောက်စီဂျင်စက်အသစ်တစ်လုံးကိုလည်း လှူဒါန်းခဲ့ကြသည်။

Ayeyarwady Foundation မှ ဧရာဝတီတိုင်းဒေသကြီး သာပေါင်း၊ ကျုံပျော် နှင့် ငါးသိုင်းချောင်းမြို့များရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း။

ဧရာဝတီဖောင်ဒေးရှင်း ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့သည် ၂၀၁၆ ခုနှစ်၊သြဂုတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင်း ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများထံ လာရောက်ခဲ့သည့်နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် အစိုးရအဖွဲ့နှင့်အတူလိုက်ပါပြီး သာပေါင်း၊ ကျုံပျော်၊ ငါးသိုင်းချောင်းဒေသတို့မှ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ရေသန့် အစရှိသည့်စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့ကြသည်။