Ayeyarwady Foundation မှ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ရေကြည် ၊ ငသိုင်းချောင်းဒေသ၊ အသုတ်ဒေသ များနှင့်ကျုံပျော်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း။

ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သားများသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၂၀ဝ)၊ ဆီပိသာ (၅၀ဝ)၊ ရေသန့်ကဒ် (၁၀ဝ)၊ ခေါက်ဆွဲခြောက်နှင့်ပစ္စည်းအမျိုး (၂၀)ပါ ရေဘေးထောက်ပံ့ရေးပစ္စည်းပုံးများ ကို သွားရောက် ကူညီထောက်ပံ့ခဲ့ကြသည်။ ထို့အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ အစရှိသည့်ဒေသများသို့လည်းသွားရောက်ပြီး ဆန်၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် ပစ္စည်းစုံပါပုံးများကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြသည်။ ထိုခရီး စဉ်တွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို လိုက်လံစစ်ဆေးကြပ်မတ်ဆောင်ရွက်လျက် ရှိသော နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အစိုးရအဖွဲ့ဝင်များအားတွေ့ဆုံကာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ပူးပေါင်းဆောက်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သားများသည် ပြီးခဲ့သည့်သြဂုတ်လ(၉)ရက်နေ့မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်းရှိ ရေကြည်ဒေသ၊ ငသိုင်းချောင်းဒေသ၊ အသုတ်ဒေသ များနှင့်ကျုံပျော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်[…]

Ayeyarwady Foundation မှ ပဲခူး ၊ တိုက်ကြီး၊ အဖျောက် နှင့် သာယာဝတီမြို့များရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း။

ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့နံနက်ပိုင်းတွင် ပဲခူးမြို့သို့ သွားရောက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့အားတွေ့ဆုံကာ ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် သိန်း (၅၀ဝ)၊ ဆန်အိတ် (၁,ဝ၀ဝ)နှင့် ဆီပိဿာချိန် (၂,ဝ၀ဝ) အစရှိသည့် စားနပ်ရိက္ခာများထောက်ပံ့ကူညီခဲ့ကြသည်။ ဆက်လက်၍ သာယာဝတီမြို့သို့ သွားရောက်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးခဲ့ကာ အိမ်ထောင်စု (၁၆၀)ကျော်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်သုံးသောင်းစီ၊ ဆန်၊ ဆီ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ကူညီခဲ့ကြသည်။ ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့ သားများသည် ထိုနေ့နံနက်ပိုင်းမှစတင်ပြီး တိုက်ကြီး၊ အဖျောက် အစရှိသည့်ဒေသများမှ ရေဘေးသင့် ပြည်သူများအတွက် ဒေသခံလူမှုအသင်းအဖွွဲ့များနှင့် ပူးပေါင်း၍ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြ သည်။ ဆန်၊ ဆီ၊ သောက်ရေသန့်နှင့်အလှူငွေများကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့ ကြပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးများကို[…]

Ayeyarwady Foundation မှ ပြည်၊ ထုံးဘို၊ ရွှေတောင်၊ ရေကြည် ၊ ဇလွန်၊ မင်းဘူး နှင့် ပွင့်ဖြူ မြို့များရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း။

ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့အနေဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၀)ရက်နေ့တွင် ပြည်၊ ထုံးဘို၊ ရွှေတောင်၊ ရေကြည်၊ ဇလွန် အစရှိသည့်ဒေသများမှ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ အသုံးအဆောင်များနှင့် အဝတ်အစားများအား သွားရောက်လှူဒါန်းခဲ့ကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့အား မွန်းတည့်ချိန်တွင်သွားရောက်တွေ့ဆုံခဲ့ကာ မကွေးတိုင်းဒေသ ကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် ငွေကျပ်သိန်း (၅၀ဝ)၊ ဆန်အိတ်တစ်ထောင်၊ ဆီပိဿာနှစ်ထောင်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ တစ်ဆက်တည်းတွင် မင်းဘူး၊ ပွင့်ဖြူတို့မှ ရေဘေးသင့်ဒေသအ ချို့ကိုလည်း သွားရောက်ခဲ့ပြီးရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ အစရှိသည့် စားနပ်ရိက္ခာနှင့်ထောက်ပံ့ငွေများကို ကူညီပံ့ပိုးခဲ့ကြသည်။

Ayeyarwady Foundation ၊ ဧရာမြန်မာအာမခံ နှင့် Max Highway တို့မှ ဇလွန်မြို့နှင့် အောင်လံမြို့များရှိ ရေဘေး သင့်ပြည်သူများအား သွားရောက်လှူဒါန်း။

   ဧရာဝတီဖောင်ဒေးရှင်းနှင့် ဧရာမြန်မာအာမခံတို့အနေနှင့် ၂၀၁၆ ခုနှစ်၊သြဂုတ်လ(၇)ရက်နေ့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် ဇလွန်မြို့အနီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် လိုအပ်နေသည့် ဆန်၊ ဆီ၊ မုန့်ခြောက် အစရှိသည့်စားနပ်ရိက္ခာများ သွားရောက်ကူညီပံ့ပိုးပေးခဲ့ကြသည်။ ထို့အတူရေဘေးကာကွယ်ရေးဆောင်ရွက်လျက်ရှိကြသည့် ကျေးရွာ(၁၀)ခုအတွက် ပီနံအိတ်ခွံတစ်သောင်းနှင့် လုပ်အားပေးဆောင်ရွက်နေကြသည့် ရွာသားများကိုထမင်းထုပ်များ ဝေငှပေးခဲ့ကြသည်။ အောင်လံမြို့အင်းပေါက်နှင့် ပြင်းပေါက်ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအတွက်လည်း အရေးပေါ် လိုအပ်နေသည့် ဆန်၊ ဆီ၊ ဆား အစရှိသည့်စားနပ် ရိက္ခာနှင့်ဆေးဝါးများကို ဧရာဝတီဖောင်ဒေးရှင်းနှင့် Max Highway တို့မှလည်း ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၆)ရက်နေ့နံနက်ပိုင်းကလည်း သွားရောက်ကူညီလှူဒါန်းခဲ့ ကြသည်။ Max Highway အနေနှင့်အဆိုပါရက်ပိုင်းများက ရေကျော်နေသည့်လမ်းပိုင်းနေရာများတွင် ခရီးသွားမော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက် ပေးခဲ့ကြပါသည်။

Ayeyarwady Foundation မှ ညောင်တုန်းနှင့် ပန်းတနော်မြို့ရှိ ရေဘေးသင့်ပြည်သူများအားသွားရောက်လှူဒါန်း။

   ဦးဇော်ဇော်နှင့်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ညောင်တုန်းမြို့၌  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့်အစိုးရအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ပြီး ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် ကနဦးလှူဒါန်းမှု အဖြစ် ငွေကျပ်သိန်း (၅၀ဝ)၊ ဆန်အိတ် (၂,ဝ၀ဝ)၊ ဆီပိဿာချိန် (၁၀,ဝ၀ဝ)နှင့် ရေဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ပီနံအိတ်ခွံများကို တာဝန်ရှိသူများနှင့်ညှိနှိုင်းလှူဒါန်းပေးလျက် ရှိသည်။ သြဂုတ် လ(၆)ရက်နေ့နှင့်(၇)ရက်နေ့များကလည်း ပဲခူးတိုင်းဒေသကြီး အောင်လံမြို့နှင့်ဧရာဝတီတိုင်းဒေသကြီးဇလွန်မြို့တို့တွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ မုန့်ခြောက် အစရှိသည့် စားနပ်ရိက္ခာများ လှူဒါန်းခဲ့ပြီး ရေဘေးကြိုတင်ကာကွယ်ရန် ပီနံအိတ်ခွံများကိုပါ လှူဒါန်းခဲ့ကြသည်။ သြဂုတ်လ(၈)ရက်နေ့တွင် ညောင်တုန်း၊ ပန်းတနော် စသည့်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အခြားလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေနှင့် ညောင်တုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်[…]

Heart Surgery Donation

   By the arrangement of Ayeyarwady Foundation, cardiologists  from Japan arrived to Yangon and operated children from cardiology ward who were suffered heart disease in 550 beds Yankin Children Hospital. On 12th and 13th February, Professor Hesergi Sugiyama and Professor He Deshi Tomita from Japan and Surgeon Associate Professor Dr.Khin Maung Oo , Cardiologist from[…]

Ayeyarwaddy Foundation provided tarpaulin and household goods to the households impacted by the landslide disaster from Mawchi Village Tract, Hpasawng Township

Ayeyarwaddy Foundation provided tarpaulin and household goods to the needy 198 displaced households impacted by the landslide disaster from Mawchi Village Tract, Hpasawng Township, Kayah State in October 20 – 21, 2015. Ayeyarwaddy Foundation provided tarpaulin and household goods as the people from this area needed useful household items than food assistance after getting information[…]

Sharing merit ceremony was held for all the donations made by Ayeyarwady Foundation during 2015 at Novotel Yangon Max

  Sharing merit ceremony was held for all the donations made by Ayeyarwady Foundation during 2015 at Novotel Yangon Max Hotel on 10 October 2015.  Dr. Ashin Nandamala Bhivamsa, Rector of International Theravada Buddhist Missionary University delivered a sermon and the congregation received the Five Precepts from Sayadaw. Then the congregation donated Waso robes and[…]

Ayeryarwady Foundation Relief & Rehabilitation Teams in Zalun, Ingapu, Yay Kyi and Tharbaung

Ayeryarwady Foundation Relief & Rehabilitation Teams in Zalun, Ingapu, Yay Kyi and Tharbaung areas are actively providing food and medical support to the cattles affected during the floods. On the other hand, the teams are working to ensure that there are enough rations and supplies for the flood victims, to reopen the schools as soon[…]

U Zaw Zaw met with team members of Ayeyarwady’s Foundation Township Relief Operations Center in Ingapu and Thabaung

       On August 16th, U Zaw Zaw met with team members of Ayeyarwady’s Foundation Township Relief Operations Center in Ingapu and Thabaung and discussed on the recent develoments on the relief works done in those areas. He also met with township elders and village administrators and give necessary advice on fufilling th needs of[…]