Asia Money 2019 Best Bank for SMEs & Asia Money 2019 Best Bank for CSR

Asia Money 2019 Best Bank for SMEs : ဖွံ့ဖြိုးဆဲ စီးပွားရေးဖြစ်သော မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် စီးပွားရေး အားလုံးအနက် ၉၀ မှ ၉၅ ရာခိုင်နှုန်းသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖြစ်ကြသည်။ အဆိုပါ SME လုပ်ငန်းများအား ကူညီထောက်ပံ့ပေးသောကြောင့် ဧရာဝတီဘဏ် ဥက္ကဌဖြစ်သူ ဦးဇော်ဇော် အား ပြည်သူအများက အထူးပင် ချီးကျူးဂုဏ်ပြုလျက်ရှိကြသည်။ AYA Bank အနေဖြင့် ဖွံဖြိုးရေးဆိုင်ရာ နိုင်ငံတကာ ဘဏ္ဍာရေး အထောက်အကူပြု အဖွဲ့အစည်းများ၊ အေဂျင်စီများနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်လျက်ရှိပြီးမြန်မာနိုင်ငံ၏ဖွံ့ဖြိုးစစီးပွားရေးအသိုက်အဝန်းကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ဂျာမနီနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (DEG-KfW)၊ အမေရိကန် ပြည်ထောင်စု ဖွံ့ဖြိုးမှု Credit Agency၊ ဂျပန်နိုင်ငံ[…]

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၁) ဖွင့်ပွဲ အခမ်းအနား

    ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၁) ဖွင့်ပွဲ အခမ်းအနားကို ဘဏ်သင်တန်းကျောင်း (ပင်လုံ) ၌ ကျင်းပပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်လီမိတက်၏ အကြံပေး ဦးခင်မောင်မှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများမှ တစ်ဦးချင်းစီမိတ်ဆက်စကားပြန်လည်ပြောကြားခဲ့ကြပြီး၊ ဒေါ်ဆွေဇင်သက်(HR Director) မှသင်တန်းသားများအားသင်တန်းဌာနကိုယ်စားကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ဖွင့်ပွဲကို ရုပ်သိမ်းခဲ့ပြီး အကျွေးအမွေးများဖြင့် တက်ရောက်လာသူများနှင့် သင်တန်းသားများကို ဧည့်ခံခဲ့ပါသည်။ ယခုသင်တန်းမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ ကသာ၊ ပုသိမ်၊ အောင်လံ နှင့် သထုံ ဘဏ်ခွဲ အသီးသီးတွင်[…]

EDGE Certificate ချီးမြှင့်ခြင်း အခမ်းအနား

  လုပ်ငန်းခွင်အတွင်း ကျား၊မ တန်းတူညီမျှမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် EDGE Certificate ချီးမြှင့်ခြင်း အခမ်းအနားကို စီးပွားရေးလုပ်ငန်းရှင်များ ကျား၊မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်း (BCGE) မှ စီစဉ်ကျင်းပခဲ့ပြီး ဧရာဝတီဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဇော်၊ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမ အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဇော် မှ “လုပ်ငန်းခွင်အတွင်း ကျား၊မ တန်းတူညီမျှရေး CEO Challenge” Panel Discussion တွင် Panelist တစ်ဦးအနေဖြင့် ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။ ယခုအခါ ဧရာဝတီဘဏ်သည် ကမ္ဘာ့အသိအမှတ်ပြု ကျား၊မ တန်းတူညီမျှမှုဆိုင်ရာ EDGE Certificate ကို လက်ခံရရှိပြီးဖြစ်သည်နှင့်အညီ ကျား၊မ တန်းတူ အခွင့်အရေးများရရှိသည့် ပိုမိုကောင်းမွန်သော[…]

၂၀၁၉ ပွင့်သစ်စ ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ထုတ်ပြန်

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် ပဉ္စမ အကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ပွင့်လင်းမြင်သာမှု အစီရင်ခံစာကို ယနေ့တွင် ထုတ်ပြန်လိုက် သည်။ ယခုနှစ်တွင်လည်း စီးပွားရေး အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်သည့် Yeverနှင့်ပင်တွဲ ဖက်လုပ်ကိုင် ခဲ့ရာ Yeverက အစီရင်ခံစာအတွက် အခကြေးငွေ မယူဘဲ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ၂၀၁၉ပွင့်သစ်စတွင်မြန်မာစီးပွားရေးလုပ်ငန်းပေါင်း၂၄၈ခု၏ဝဘ်ဆိုဒ်များကိုလေ့လာအကဲဖြတ်ထားပါသည်။ ၎င်းတွင်စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီငါးခု၊အများပိုင် ကုမ္ပဏီ ၅၅ခု နှင့် ပုဂ္ဂလိကပိုင် ထင်ရှားသော ကုမ္ပဏီ ၁၆၀ ပါဝင်သည်။ အစိုးရပိုင် လုပ်ငန်း ၂၈ခု လည်း ပထမဆုံးအကြိမ် အဖြစ် ပါဝင်သည်။ ၎င်း အချက်က ၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာကို စီးပွားရေးလုပ်ငန်းဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် ပတ်သက်ပြီး ရည်မှန်းချက် အမြင့်ဆုံး အများပြည်သူဆိုင်ရာ[…]

သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ မေးခွန်းထုတ် / စာစစ် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

ဦးဇော်ဇော် + ဒေါ်ဌေးဌေးခိုင် မိသားစု၊ မက်စ်မြန်မာ ကုမ္ပဏီများအုပ်စု နှင့် ဧရာဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစုများသည် ၂၀၁၉ခုနှစ်၊ မေလ ၁၂ရက်နေ့တွင် ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာန လှိုဏ်ဂူတော်ကြီး အနီးရှိ ဆွမ်းစားဆောင်တွင် သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲမေးခွန်းထုတ်နှင့်စာစစ်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဓမ္မဒူတအရှင်ဆေကိန္ဒဆရာတော်အား အမှူးထား၍ နှစ်စဉ် လှူဒါန်းခဲ့ရာ ယခုနှစ်တွင် (၆)ကြိမ်မြောက် အဖြစ် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကုသိုလ်ပြုခဲ့ခြင်းဖြစ်ပါသည်။ ယနေ့ အလှူတော်တွင် သံဃ မဟာနာယက ဆရာတော်ကြီး (၃၅)ပါးနှင့် ဓမ္မာစရိယ၊ ပထမပြန်စာမေးပွဲ မေးခွန်းထုတ် / စာစစ်သံဃာတော် (၂၂၂)ပါးတို့ကို နဝကမ္မ အလှူငွေကျပ် စုစုပေါင်း သိန်း(၁၀ဝ)ကျော်နှင့် နေ့ဆွမ်း အပါအဝင် ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

ပေတောခေတ်မီဥစားကြက်ခြံစီမံကိန်း သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနား

          ၂၀၁၉ခုနှစ်၊ ဧပြီလ၃၀ရက်နေ့ အင်္ဂါနေ့နံနက် ဝ၉းဝ၀ နာရီအချိန်တွင်နေပြည်တော်ရှိ M Gallery by Sofitel တွင် ဧရာဝတီဘဏ်လီမိတက်မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေနှင့် ပံ့ပိုးကူညီ အကောင်ထည်ဖော်ပေးထားသော ပေတောကျေးရွာ ဥစားကြက်ခြံ စီမံကိန်းအားပေတောကျေးရွာရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဧရာဝတီဘဏ်လီမိတက်နှင့် Myanmar C.P.Livestock Co.Ltd.တို့အကြား သဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနားအားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ အမြဲတမ်းအတွင်းဝန်ဦးအောင်နိုင်ဦးစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲထွန်းဝင်း၊ ဧရာဝတီဘဏ်လီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာဦးမြင့်ဇော်နှင့်တာဝန်ရှိသူများ၊ Myanmar C.P. Livestock မှPresident Mr.Wirat Wongpornpakdeeနှင့် တာဝန်ရှိသူများ၊ ပေတောကျေးရွာရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြပါသည်။ ရှေးဦးစွာပြည်ထောင်စုဝန်ကြီးမှအဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီဘဏ်လီမိတက်၊ Myanmar C.P. Livestock Co. Ltd. နှင့် ပေတောကျေးရွာရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှတာဝန်ရှိသူအသီးသီးတို့မှယခုစာချုပ်ချုပ်ဆိုသည့်အကြောင်းအရာနှင့်ရရှိလာမည့်အကျိုးကျေးဇူးရလာဒ်များအား ရှင်းလင်း[…]

ပေတောခေတ်မီဥစားကြက်ခြံစီမံကိန်း သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနား

ဧရာဝတီဘဏ်လီမိတက်နှင့်Myanmar C. P. Livestock Co., Ltd. တို့၏ပံ့ပိုးကူညီမှုဖြင့် ပေတောခေတ်မီဥစားကြက်ခြံစီမံကိန်း သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနား ပေတောကျေးရွာ ဥစားကြက်ခြံ စီမံကိန်း သဘောတူစာချုပ် အောင်မြင်စွာ လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ်အနေဖြင့် ဧရာဝတီဘဏ်၊ ပေတောကျေးရွာရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်း နှင့် Myanmar C.P. Livestock မှ အုပ်ချုပ်မှုအဖွဲ့ဝင်များသည် ပေတောကျေးရွာ အသင်းဥက္ကဋ္ဌနေအိမ်သို့ သွားရောက်လည်ပတ်ကာ အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းနှင့် သဘောတူစာချုပ်များ ဖလှယ်ခြင်းတို့ကို ကျေးရွာနေပြည်သူများ ရှေ့မှောက်တွင် ၂၀၁၉ခုနှစ် ဧပြီလ ၃၀ရက်နေ့၌ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ စီမံကိန်းသည် ဧရာဝတီဘဏ်လီမိတက်မှ သက်သာသောအတိုးနှုန်းဖြင့် နှစ်ရှည်ချေးငွေ ပံ့ပိုးကူညီအကောင်ထည်ဖော်ပေးထားခြင်းဖြစ်ပြီးပေတောကျေးရွာ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဧရာဝတီဘဏ်လီမိတက်နှင့်Myanmar C.P. Livestock Co. Ltd. တို့အကြား အောင်မြင်စွာ အကောင်အထည်[…]

Max Myanmar Group၊ AYA Financial Group နဲ့ Novotel Yangon Max ဝန်ထမ်းများရဲ့ ရုံးတွင်းသင်္ကြန် (နှစ်သစ်အတာသင်္ကြန် အကြို) Atar Splash 2019

Max Myanmar Group၊ AYA Financial Group နဲ့ Novotel Yangon Max ဝန်ထမ်းများရဲ့ ရုံးတွင်းသင်္ကြန် (နှစ်သစ်အတာသင်္ကြန် အကြို) Atar Splash 2019 ကို ဧပြီလ (၁၂)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပျော်ရွှင်ရင်းနှီးစွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ တစ်နှစ်တာအတွင်း လုပ်ငန်းခွင် ပင်ပန်းမှုတွေ ပြေပျောက်ပြီး မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်း နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ဆေးကြောသန့်စင်ကာ နှစ်သစ်မှာ လူသစ်၊ စိတ်သစ်၊ အင်အားသစ်တွေနဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုတိုးတက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး Atar Splash 2019 မှာ ဝန်ထမ်းမိသားစုတွေ ပျော်ပျော်ရွှင်ရွှင် အတူပါဝင် ဆင်နွှဲခဲ့ကြတာပါ။ ဒီနှစ်မှာလည်း နှစ်စဉ်ကျင်းပနေကျ ပုံစံလေးအတိုင်း လုပ်ငန်းစု အသီးသီးက စတုဒီသာ အစားအသောက်မျိုးစုံကို[…]

Let’s Party with AYA Bank!

                           #AYA X SAI SAI ၁၀.၄.၂၀၁၉ မနေ့ညက Thuwanabumi မှာ ကျင်းပပြုလုပ်တဲ့ SAI SAI Birthday Show ကို AYA Bank မှ Let’s Party with AYA Bank Title Sponsor အဖြစ်ပါဝင်ခဲ့ပါတယ်။ ဖျော်ဖြေပွဲလာရောက်သူ၊ AYA VISA SAI SAI Card ကို Activate လုပ်သူတို့ဖြင့် ပရိသတ် ၃၀,ဝ၀ဝ ကျော်တို့သည် ယနှစ်မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး ဖျော်ဖြေပွဲကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါသည်။ SAI SAI Birthday Show ကို[…]

2020 AFC Women's Olympic Qualifying Tournament

2020 AFC Women’s Olympic Qualifying Tournament တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ဧရာဝတီဘဏ်မှ ဂုဏ်ပြုဆုကြေးငွေကျပ်သိန်း၂၀ဝချီးမြှင့်ခြင်း ပထမဆုံးအကြိမ် 2020 AFC Women’s Olympic Qualifying Tournament တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ဧရာဝတီဘဏ်မှ ဂုဏ်ပြုဆုကြေးငွေကျပ်သိန်း၂၀ဝချီးမြှင့်ပေးခဲ့သည်။ အဆိုပါဆုကြေးငွေကို ဧရာဝတီဘဏ်အထက်မြန်မာပြည်တာဝန်ခံ Deputy Director ဦးဇော်မျိုးဝေမှ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ပေးအပ်ခဲ့သည်။ ဧရာဝတီဘဏ်အနေဖြင့် ယခုကဲ့သို့ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖော်ပြအပ်ပါသည်။ စိတ်ချယုံကြည် ဧရာဝတီ – Your Trusted Partner

AYA 100 CLASS

           ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀ဝ)ဆင်းပွဲ အခမ်းအနားဧရာဝတီဘဏ်လီမိတက်၏အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀ဝ)ဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့၊ နေ့လည် (၁းဝ၀) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (Rowe Conference Room)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူ များ တက်ရောက်ခဲ့ ကြပါသည်။ အစီအစဉ်အရ ဧရာဝတီဘဏ် ဥက္ကဌကိုယ်စား ဒုတိယ ဥက္ကဌ ဦးသန်းဇော် မှ သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ဆက်လက်၍ သင်တန်း[…]

Seminar for AML/CFT Awareness and Preventive Measure for Banks

ဧရာဝတီဘဏ်လီမိတက်သည် (၂၃-၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ် ဟိုတယ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ ဧရာဝတီဘဏ်၏ ဘဏ်ခွဲများမှ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံများ နှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူနေသာ ဝန်ထမ်းများအတွက် “Seminar for AML/CFT Awareness and Preventive Measure for Banks” ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်အားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Seminar တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit – FIU) မှ ဒုတိယရဲမှူးကြီး မြင့်စိုးမှ အထူးဧည့်သည်တော်အဖြစ် ပါဝင်ဟောပြောခဲ့ ပါသည်။ ပထမဦးစွာ ဧရာဝတီဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး မှ အဖွင့်အမှာစကား[…]