Seminar for AML/CFT Awareness and Preventive Measure for Banks

ဧရာဝတီဘဏ်လီမိတက်သည် (၂၃-၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ် ဟိုတယ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ ဧရာဝတီဘဏ်၏ ဘဏ်ခွဲများမှ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံများ နှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူနေသာ ဝန်ထမ်းများအတွက် “Seminar for AML/CFT Awareness and Preventive Measure for Banks” ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်အားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Seminar တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit – FIU) မှ ဒုတိယရဲမှူးကြီး မြင့်စိုးမှ အထူးဧည့်သည်တော်အဖြစ် ပါဝင်ဟောပြောခဲ့ ပါသည်။ ပထမဦးစွာ ဧရာဝတီဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး မှ အဖွင့်အမှာစကား[…]

ဧရာဝတီဘဏ် မေတ္တာညွန့်သင်တန်းကျောင်းသစ် နှင့် အခြေခံဘဏ်လုပ်ငန်းသင်တန်းအပတ်စဉ် (၁၀ဝ) ဖွင့်ပွဲအခမ်းအနား

          ဧရာဝတီဘဏ် မတ္တောညွန့်သင်တန်းကျောင်းသစ်နှင့်အခြခေံဘဏ် လုပ်ငန်းသင်တန်းအပတ်စဉ် (၁၀ဝ) ဖွင့်ပွဲအခမ်းအနားကို ဖဖော်ဝါရီ(၂၂)ရက် သောကြာနေ့၊ နံနက်(၈း၁၀) င်္မဂလာအချိန်တွင် သင်တန်းကျောင်းတည်ရှိရာသမာဓိလမ်း၊မတ္တောညွန့်ရပ်ကွက်၊ တာမွမြေို့နယ်တွင်ဧရာဝတီဘဏ်လီမိတက်မှဒုတိယဥက္ကဌဒေါ်ခင်စောဦး၊ ဒုတိယဥက္ကဌဦးသန်းဇော်၊အုပ်ချုပ်မှုဒါရိုက်တာ ဦးမငြ့်ဇော်နှင့် ပငြ်ပအမှုဆောင် ဒါရိုက်တာ ဒေါက်တာတင်လတ်တို့မှ ဖဲကြိုး ဖတြ်ဖွင့်လှစ်ပေးခဲ့ပါသည်။အဆိုပါအခမ်းအနားကိဧရာဝတီဘဏ်မှ အကြီးတန်းအရာရှိများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဌာနမှုးများ၊ ပငြ်ပမှ ဖိတ်ကြားထားသော ဧည့်ပရိသတ်များနှင့် အခြခေံဘဏ် လုပ်ငန်းသင်တန်းအမှတ်စဉ်(၁၀ဝ) မှ သင်တန်းသား၊သင်တန်းသူ(၁၀၁)ဦးတို့မှတက်ရောက်ခဲ့ကသြည်။ သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနား၏ အဖွင့်အမှာစကားကို ဒုတိယဥက္ကဌဒေါ်ခင်စောဦးမှလည်းကောင်း၊ သင်တန်းကျောင်းဖွင့်လှစ်ရခငြ်းရည်ရွယ်ချက်နှင့် နိဂုံးချုပ်အမှာစကား ကိုအုပ်ချုပ်မှုဒါရိုက်တာဦးမငြ့်ဇော်မှလည်းကောင်းအသီးသီးပြောကြားခဲ့ပြီးသင်တန်းသား၊ သင်တန်းသူများမှလည်းတိုင်းနှင့်ပညြ်နယ်အလိုက် မိတ်ဆက်ဂါရဝပြုခငြ်းများလည်းပြုလုပ်ခဲ့ပါသည်။ ၄င်းနောက် ဧရာဝတီဘဏ်ဥက္ကဌဦးဇော်ဇော်နှင့်အတူဘုတ်အဖွဲ့ဝင် ဒါရိုက်တာများနှင့် ဧရာဝတီဘဏ်မှတာဝန်ရှိလူကြီးများမှသင်တန်းကျောင်းရှိ စာသင်ခန်းများ နှင့်သင်တန်းဆောင်များကိုလှည့်လည်ကညြ့်ရှုခဲ့ပြီး အခမ်းအနားကို အောင်မငြ်စွာရုတ်သိမ်းခဲ့သည်။ ယခုဖွင့်လှစ်သောမတ္တောညွန့် သင်တန်းကျောင်းမှာ ဧရာဝတီဘဏ်၏တတိယမြောက်နှင့်အကြီးဆုံး သင်တန်းကျောင်းဖစြ်ပြီးဧရာဝတီဘဏ်ဝန်ထမ်းများအတွက် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများနှင့်အသက်မွေးဝမ်း ကျောင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ[…]

ဘဏ်ခွဲထပ်မံတိုးချဲ့ဖွင့်လှစ်ပြီဖြစ်ပါကြောင်း

ဧရာဝတီဘဏ်လီမိတက်၏(၂၅၀)ခုမြောက်ဘဏ်ခွဲဖြစ်သော ဟားခါးဘဏ်ခွဲကို ဦးပိုင်အမှတ်(၂၁၉)၊ ရပ်ကွက်ကျေးရွာအုပ်စုအမှတ်နှင့်  အမည်(ပြည်တော်သာ)၊ ဟားခါးမြို့၊ချင်းပြည်နယ်၌ ယနေ့တွင် ဖွင့်လှစ်လိုက်ပါကြောင်းနှင့် အထွေထွေဘဏ်ဝန်ဆောင်မှုများအား စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မိဘပြည်သူအပေါင်းအား ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါသည် ။ ဟားခါးဘဏ်ခွဲ ဦးပိုင်အမှတ်(၂၁၉) ၊ ရပ်ကွက်ကျေးရွာအုပ်စုအမှတ်နှင့် အမည်(ပြည်တော်သာ)၊ ဟားခါးမြို့၊ ချင်းပြည်နယ် ။   ဖုန်း-ဝ၇၀-၂၂၅၈၁ Fax – ဝ၇၀-၂၁၃၁၁၊ ၂၁၄၈၉၊ ယခုဆိုလျှင်ဧရာဝတီဘဏ်လီမိတက်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ်ခွဲစုစုပေါင်း(၂၅၀)ဘဏ်တိတိကို အောင်မြင်စွာတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည် ။ ဖွင့်လှစ်ပြီးသောဘဏ်ခွဲများစာရင်းကို http://ayabank.com/contact/branches/ တွင် ကြည့်ရှုနိုင်ပါတယ် ။

ဧရာဝတီဘဏ်၏ဘဏ်ခွဲ ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီ ဖြစ်ပါကြောင်း

ဧရာဝတီဘဏ်လီမိတက်၏ (၂၄၉) ခု မြောက်ဘဏ်ခွဲဖြစ်သော ဟင်္သာတဘဏ်ခွဲ (၂) ကိုဦးပိုင်အမှတ်(၂၄၆က)၊ လယ်သမားမြောက်ရပ်၊ အကွက်အမှတ်(၂၉)၊ လယ်သမားရပ်ကွက်၊ ဟင်္သာတမြို့၊ ဟင်္သာတခရိုင်၊ ဧရာဝတီတိုင်းဒေသကြီး၌ ယနေ့တွင်ဖွင့်လှစ်လိုက်ပါကြောင်းနှင့် အထွေထွေဘဏ်ဝန်ဆောင်မှုများအား စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မိဘပြည်သူအပေါင်းအားဝမ်းမြောက်စွာသတင်းကောင်းပါးအပ်ပါသည်။ ဟင်္သာတဘဏ်ခွဲ(၂)ဦးပိုင်အမှတ် (၂၄၆က ၊ လယ်သမားမြောက်ရပ် ၊ အကွက်အမှတ်(၂၉)၊ လယ်သ မားရပ်ကွက်၊ ဟင်္သာတမြို့၊ ဟင်္သာတခရိုင်၊ ဧရာဝတီတိုင်းဒေသကြီး။ ဖုန်း -ဝ၄၄-၂၀၂၂၈၃၀(ADSL)မှ၃၄ထိ Fax–ဝ၄၄-၂၀၂၂၈၃၅မှ၃၆ထိ ဖွင့်လှစ်ပြီးသော ဘဏ်ခွဲများစာရင်းကို http://ayabank.com/contact/branches/ တွင် ကြည့်ရှုနိုင်ပါတယ်။

ဧရာဝတီဘဏ်၏ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ပြီ ဖြစ်ပါကြောင်း

ရန်ုကုန်၊မန္တလေးတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်ရှိတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားကိုရှေးရှု၍ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက်ဧရာဝတီဘဏ်၏အောက်ပါဘဏ်ခွဲများကို တိုးချဲ့ဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်းဝမ်းမြောက်စွာသတင်းကောင်းပါးအပ်ပါသည်။ ၁)ရန်ကုန်(၁၀၅)တက္ကသိုလ်ရိပ်သာလမ်းဘဏ်ခွဲအမှတ်(၁၃၅အေ)၊တက္ကသိုလ်ရိပ်သာလမ်း၊(၁၀)ရပ်ကွက်၊ကမာရွတ်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။ဖုန်းနံပါတ် -(ဝ၁-၅၃၉၉၅၀(ADSL)၊၅၃၈၀၉၉၊ ၅၃၈၁၀ဝ၊ ၅၂၅၄၉၀၊ ၅၁၄၇၉၈) ၂)ရန်ကုန်(၁၀၆)ကြည့်မြင်တိုင်ဘဏ်ခွဲ(ဈေးကြီးလမ်း)အမှတ်(၅၀)၊ဈေးကြီးလမ်း၊မြေကွက်အမှတ်(၂၆-စီ၂)၊မြေကွက်အမှတ်(V-၂)၊ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ဖုန်းနံပါတ် -(ဝ၁ ၉၃၁၇၉၀၅ (ADSL) မှ ဝ၉ ထိ) ၃)မန္တလေး(၂၆)စက်မှုဇုန်ဘဏ်ခွဲဦးပိုင်အမှတ်(၄၄+၄၅)၊အကွက်အမှတ်(ပပ၆)၊(ဈ)ရပ်ကွက်၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ဖုန်းနံပါတ် – (ဝ၂-၅၁၅၄၇၇၀ မှ ၇၃ ထိ၊ ၅၁၅၄၇၆၉) ၄)မန္တလေး(၂၇)အုန်းချောဘဏ်ခွဲဦးပိုင်အမှတ်(၉)၊အကွက်အမှတ်(၅၅၈)၊အမှတ်(၄)ရပ်ကွက်၊ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာ၊ မန္တလေးတိုင်းဒေသကြီး။ဖုန်းနံပါတ် – (ဝ၈၅-၄၀၁၆၃၊ ၄၀၂၈၂၊ ၄၀၂၉၂၊ ၄၀၂၉၉၊ ၄၀၃၉၉) ၅)မိတ္ထီလာဘဏ်ခွဲ၂ဦးပိုင်အမှတ်(၇/က)၊ရန်ကုန်မန္တလေးလမ်းမကြီး၊နာရီစင်အနီး၊သီရိမင်္ဂလာ(က)ရပ်ကွက်၊မိတ္ထီလာမြို့၊မန္တလေးတိုင်းဒေသကြီး။ဖုန်းနံပါတ် – (ဝ၆၄-၂၆၄၈၂ မှ ၈၆ ထိ) ၆)မော်လမြိုင်ဘဏ်ခွဲ၃အမှတ်(၇၀)၊အထက်လမ်းမကြီးနှင့်အလယ်တန်းလမ်းထောင့်၊မောင်ငံရပ်ကွက်၊မော်လမြိုင်မြို့နယ်၊ မွန်ပြည်နယ်။ဖုန်းနံပါတ်(ဝ၅၇-၂၀၂၅၈၁၀မှ၁၄ထိ)ဖွင့်လှစ်ပြီးသော ဘဏ်ခွဲများစာရင်းကို http://ayabank.com/contact/branches/ တွင် ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့World CancerDayလူထုလှုပ်ရှားမှုလမ်းလျှောက်ပွဲတွင်ဧရာဝတီဘဏ်မှ ပါဝင်ဆင်နွှဲခဲ့ခြင်း။

ယနေ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ World Cancer Day တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှကြီးမှူးကျင်းပသည့်လူထုလှုပ်ရှားမှုလမ်းလျှောက်ပွဲအစီအစဉ်၌ ဧရာဝတီဘဏ်ဝန်ထမ်းများမှတက်ကြွစွာပါဝင်ဆင်နွှဲခဲ့သည်။ နိုင်ငံတကာကင်ဆာထိန်းချုပ်ရေးအဖွဲ့ကြီးမှကြီးမှူးကျင်းပသည့် ၂၀၁၉-၂၀၂၁ အထိမ်းအမှတ်နှစ် ၃ နှစ် “I AM AND I WILL / ကျွန်ုသည် နှင့် ကျွန်ုပ်က” ခေါင်းစဉ်ဖြင့်လှုပ်ရှားမှုကြီးကိုယနေ့ကျင်းပသည့် အစီအစဉ်တွင် စတင်ခဲ့ပြီးအခမ်းအနားတွင်ကင်ဆာ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကိုလည်းပြောကြားခဲ့သည်။ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှကြီးမှူးကျင်းပသည့်ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ လူထုလမ်းလျှောက်ပွဲနှင် ့အခမ်းအနားတွင်အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊အဖွဲ့အစည်းအသီးသီးနှင့် NGOများစသည့်ကဏ္ဍပေါင်းစုံမှ ပြည်သူ (၁၇၀ဝ) ကျော်ပါဝင်လှုပ်ရှားခဲ့ကြရာတွင်ဧရာoတီဘဏ်သည်လူထုအကျိုးပြုလှုပ်ရှားမှုများတွင်ပြည်သူများ၏ယုံကြည်စိတ်ချရသောပြည်သူ့ဘဏ်အနေဖြင့်တစ်သားတည်းတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပါသည်။ #worldcancerdaymm2019

Memorandum of Understanding Signing Ceremony ဧရာဝတီဘဏ် နှင့် Smart Myanmar တို့နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

ဧရာဝတီဘဏ်နှင့် SmartMyanmar (ဂျာမန်အဖွဲ့အစည်းSequaမှအကောင်အထည်ဖော ်ဆောက်ရွက်ထားသည့်ပရောဂျက်) တို့သည်၂၀၁၉ခုနှစ်အတွင်းဘဏ္ဍာရေးဝန်ဆောင်မှုပေးနိုင်မည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအထောက်အကူပြုစီမံကိန်းများကိုအတူတကွခွဲခြမ်းစိတ်ဖြာ၍ရှေ့ပြေးစီမံကိန်းများစတင်နိုင်ရန်နှင့် လာမည့်နှစ်များတွင်ပိုမိုများပြားသောပတ်ဝန်းကျင်ဆိုင်ရာချေးငွေအစီအစဉ်များကိုလမ်းညွှန်လှုံ့ဆော်ပေးနိုင်ရန်ရည်ရွယ်၍နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို(၃၀.၁.၂၀၁၉) ရက်နေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့၊ ဧရာဝတီဘဏ်လီမိတက် (ရုံးချုပ်)တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်၏အုပ်ချုပ်မှု ဒါရိုက်တာဦးမြင့်ဇော်မှ“စီးပွားရေးလုပ်ငန်းလှုပ်ရှားမှုများနင့်စိမ်းလန်းစိုပြည်သောပတ်ဝန်းကျင်တစ်ခုကိုပံ့ပိုးပေးနိုင်ရပါမယ်။ GreenFinanceဟာကျွန်တော်တို့အတွက်ဦးတည်ချက်အသစ်တစ်ခုဖြစ်ပြီးတော့၎င်းကိုအကောင်အထည်ဖော်ဖို့အတွက်လည်းစိတ်လှုပ်ရှားမိပါတယ်” ဟု နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီးဖိတ်ကြားထားသောဂုဏ်သရေရှိလူကြီးမငးများ နှင့် ဧည့်သည်တော်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။ ဧရာဝတီဘဏ်အနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက်  AYA SME Loan နှင့်  JICA Two Step Loan တို့ဖြင့် ချေးငွေဝန်ဆောင်မှုများဆောင်ရွက်ပေးလျှက်ရှိပါသည်။ SME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ရန်နှင့် လုပ်ငန်းလည်ပတ်ရန်အတွက် AYA SME Loan ကို (၁)နှစ် မှ (၃)နှစ်အထိ အများဆုံး ကျပ်သိန်း (၅,ဝ၀ဝ)အထိ လျှောက်ထားနိုင်ပါသည်။ AYASMELoanနှင့်JICATwoStepLoanတို့အားအပေါင်ပစ္စည်းမဲ့CGI(ချေးငွေအာမခံ)စနစ်ဖြင့်မြန်မာ့အာမခံနှင့်လယ်ယာစိုက်ပျိုးရေးကဏ္ဍများအတွက်USAIDတို့မှချေးငွေအာမခံဝန်ဆောင်မှုများရယူလျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ဧရာဝတီဘဏ်[…]

Seminar for AML/CFT Awareness and Preventive Measure for Banks

      ဧရာဝတီဘဏ်လီမိတက်အနေဖြင့်(၂၆/၁/၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဧရာဝတီဘဏ်၏ဘဏ်ခွဲများမှဘဏ်ခွဲတာဝန်ခံများ၊ ဒုတာဝန်ခံများနှင့်ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ဝန်ထမ်းများအတွက် “Seminar for AML/CFT Awareness and Preventive Measure for Banks” ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်အား ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါSeminarတွင်မြန်မာနိ်ုင်ငံတော်ဗဟိုဘဏ်မှဒုတိယညွှန်ကြားရေးမှူးဦးအောင်ကျော်သန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit FIU)မှဒုတိယညွှန်ကြားရေးမှူးဦးမျိုးမင်းထိုက်၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးသူရိန်အောင်တို့အားပါဝင်ဟောပြောပေးပါရန်အထူးဧည့်သည်တော်များအဖြစ်ဖိတ်ကြားခဲ့ပါသည်။ ပထမဦးစွာဧရာဝတီဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး မှ အဖွင့်အမှာစကား ပြောကြားပြီး “Legal and Regulatory Framework for AML/CFT in Myanmar” ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ပါသည်။၎င်းနောက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်း က[…]

Risk Based Supervision အလုပ်ရုံဆွေးနွေးပွဲ နှင့် မွမ်းမံသင်တန်း

ဧရာဝတီဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသော မူဝါဒ လုပ်ထုံးလုပ်နည်းများလိုက်နာကာ အများပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးစားလျှက်ရှိနေသည်နှင့်အညီ Risk Based Supervision အလုပ်ရုံဆွေးနွေးပွဲ နှင့် မွမ်းမံသင်တန်း တစ်ရပ်အား ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်၊ တနင်္လာနေ့ နေ့လည် (၂) နာရီ မှ နေ့လည် (၄းဝ၀) နာရီ အထိ ဧရာဝတီဘဏ် ရုံးချုပ်၊ ကျောက်တံတားမြို့နယ် (Rowe) ရှိ Pathein Room ၌ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒုတိယ ဥက္ကဌ (၁) ဒေါ်ခင်စောဦး မှ Risk Based Supervisory Framework အကြောင်းကိုလည်းကောင်း၊ Senior Chief Finance[…]

ဧရာဝတီဘဏ်လီမိတက်၏အခြေခံဘဏ်လုပ်ငန်းသင်တန်းအပါတ်စဉ်(၉၉)သင်တန်းဆင်းပွဲအခမ်းအနား

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်းသင်တန်းအပါတ်စဉ် (၉၉)သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ၁၈ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (RoweConferenceRoom) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများ ၊သင်တန်းဆရာ /ဆရာမများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီးဧရာဝတီဘဏ်၊ Chief Operating Officerဦးကျော်စိုးမင်းမှ သင်တန်းဆင်းပွဲအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများမှသင်တန်းသား/သင်တန်းသူများအားသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ဆက်လက်၍ သင်တန်းအပါတ်စဉ်(၉၉)တွင်ထူးချွန်စွာ အောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုအား မန္တလေးမြို့မှဒေါ်မွှေးသီရိထွန်း၊ဒုတိယဆုအားချောင်းသာမြို့မှဒေါ်ယဉ်မျိုးဝေနှင့် တတိယဆုအားရန်ကုန်မြို့မှဒေါ်ခင်စကားဝါဝင်းတို့မှအသီးသီးလက်ခံရရှိခဲ့ပါသည်။ အဆိုပါသင်တန်းမှာဟားခါး၊ကလေး၊တမူး၊မန္တလေး၊အုန်းချော၊ဟင်္သာတ၊ပုသိမ်၊ချောင်းသာ၊ပန်းတနော်၊လပွတ္တာ၊မြစ်ကြီးနား၊ရန်ကုန်နှင့်ရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ကြမည့်သင်တန်းသား/သင်တန်းသူ(၅၉)ဦးအားစာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းကာလအနေဖြင့် ရက်သတ္တပတ်(၅)ပတ်ကြာမြင့်ခဲ့ပါသည်။

(၈) ကြိမ်မြောက် AYA Talk

    ဧရာဝတီဘဏ်ဝန်ထမ်းများအတွက် (၈) ကြိမ်မြောက် AYA Talk ကို ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက်(၉းဝ၀)နာရီအချိန်တွင်ဧရာဝတီဘဏ်၊ရုံးချုပ်၊ ကျောက်တံတားမြို့နယ် (Rowe) ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါပွဲသို့ ဦးချစ်ကိုကို (CEO and Founder of Success Life Institution) မှ Make Your New One ( Attain Your Success Life) ခေါင်းစဉ်ဖြင့် လာရောက်ဟောပြောပို့ချပေးခဲ့ပါသည်။ လုပ်ငန်းခွင်အတွင်းလုပ်ဖေါ်ကိုင်ဖက်အချင်းချင်းညီညွှတ်မျှတမှုရှိပြီး အပေးအယူမျှတစေရန်၊မိသားစု၊လုပ်ငန်းခွင်စသောလူမှုစီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကောင်းမွန်သော ဆက်ဆံရေး များတိုးမြှင့်ပြီး ( Work Life Balance ) ညီမျှစွာ လျှောက်လှမ်းနိုင်စေရန်၊ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများ လျော့ချသွားနိုင်စေရန်၊[…]

ခေါင်းဆောင်မှုနှင့်ပြောင်းလဲခြင်း (Leadership and Transformation) executive workshop

ခေါင်းဆောင်မှုနှင့် ပြောင်းလဲခြင်း (Leadership and Transformation) ခေါင်းစဉ်ဖြင့် AYA Bankနှင့် Melbourne University ရဲ့ Graduate School ဖြစ်သော Melbourne Business School (MBS) Australia တို့မှ လက်တွဲပူးပေါင်း၍ ဒီဇင်ဘာလ ၈ ၇က် ၂၀၁၈ မှာ executive workshop တခုကို စီစဉ်ဆောင်ရွက်ခဲ့ရာသင်တန်းသို့ ဧရာဝတီဘဏ် ဥက္ကဌဦးဇော်ဇော်မှMBSနှင့်တွေ့ဆုံနှုတ်ဆက်၍ အဖွင့်မိန့်ခွန်းငြ့် အားပေးချီးမြှင့်ခဲ့ပါသည်။ မိမိတို့အနာဂတ်ခေါင်းဆောင်များ ရဲ့ယနေ့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ နှင့်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်နိုင်ရန် နိုင်ငံတကာခေတ်သစ် Digital Leadership အတွေးအခေါ် သုံးသပ်မှုနည်းလမ်း နှင့် လက်တွေ့လုပ်ငန်းများ၊အဖွဲ့အစည်း အတွေ့အကြုံများ၊ စွန့်ဦးတီထွင်မှုဆိုင်ရာ အတွေ့အကြုံများ ထဲမှလက်တွေ့လုပ်ငန်းအတွက် အထောက်အကူပြုသောနည်းဗျူဟာများ လေ့လာခဲ့ကြပါသည်။ အခမ်းအနားသို့တက်ရောက်ချီးမြှင့်၍ ဟောပြောပေးခဲ့ပါသော ဆရာ[…]