CHRE (Certified HR Executive) သင်တန်း

Singapore Human Resource Institute (SHRI) နှင့် Myanmar Society for HRM တို့ ပူးပေါင်းပြီး ဧရာဝတီဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် Certified Executive (CHRE) သင်တန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဧရာဝတီဘဏ် မေတ္တာညွန့် သင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ဧရာဝတီဘဏ် People Department မှဝန်ထမ်း (၁၀) ဦး ၊ ပြင်ပအဖွဲ့အစည်းများနှင့် သင်တန်းသားများ စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်လေ့လာသင်ယူခဲ့ပါသည်။ အဆိုပါသင်တန်းအား Singapore Human Resource Institute (SHRI) မှ သင်တန်းဆရာတစ်ဦးဖြစ်သော Mr. Henri Tan မှ လာရောက်ပို့ချသင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။