"Cleaning Service, Hygiene and Workplace Ethic for Cleaning Crew"

  

ဧရာဝတီဘဏ်ရန်ကုန်မြို့တွင် တာဝန်ထမ်းဆောင်လျှက်ရှိကြသော သန့်ရှင်းရေးဝန်ထမ်းများ၏လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေရန်အတွက် စီမံရေးရာဌာနမှဦးဆောင်စီစဉ်ကာ သင်ကြားရေးဌာန၏ပံ့ပိုးမှုဖြင့် စက်တင်ဘာလ(၇) ရက်နေ့ နံနက် ၈နာရီခွဲမှ နေ့လည် ၂နာရီအထိ် အလုံ River View ရုံးချုပ်ရှိ Conference Room တွင် “Cleaning Service, Hygiene and Workplace Ethic for Cleaning Crew”သင်တန်းကို စီစဉ်ပြုလုပ်ပေးခဲ့ပါသည်။ သင်ကြားပေးရာတွင်သင်တန်း၏ပထမပိုင်းအဖြစ် နံနက် ၈နာရီခွဲမှ ၁၀နာရီခွဲအထိ လုပ်ငန်းတွင်း ထားရှိရမည့် ကျင့်ဝတ်စည်းကမ်းတာဝန်များ (Workplace Ethics)၊Internal/ExternalCustomerများနှင့် ထိစပ်ရသည့်လုပ်ငန်းပိုင်းများတွင် ဝန်ဆောင်မှုကောင်းမွန်စေရန် နှင့် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းမှုအတွက် ဂရုတစိုက်ဆောင်ရွက်နိုင်စေရန် Customer Service and Hygiene အကြောင်းအရာများကို ဦးသန့်ဇော်စိုး (GM, Admin) ၊ ဒေါ်အိအိအောင် (DyMgr, L&D) တို့မှ အသီးသီး သင်ကြားပို့ချပေးခဲ့ကြပါသည်။ ထို့နောက် ဖိတ်ကြားထားသော Novotel Hotel,Yangon မှ Assistant Executive Housekeeper ဖြစ်သူ ဦးတင်အောင်ဝင်းမှ တက်ရောက်လာသောသန့်ရှင်းရေးဝန်ထမ်း(၁၄၃)ဦးတို့အား သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေရန်အတွက် “Cleaning Service Training” ကို နံနက် ၁၁နာရီ မှ နေ့လည်၁၂နာရီ အထိ စာတွေ့၊ လက်တွေ့များဖြင့် သင်ကြားပို့ချပေးခဲ့ပါသည်။
သင်တန်းပထမပိုင်းအပြီးတွင် ဝန်ထမ်းများအားလုံးအတွက် သင်တန်းမှနေ့လည်စာတည်ခင်းပေးပြီးနောက် သင်တန်းဒုတိယပိုင်းအဖြစ် ရုံးချုပ်ဌာနများနှင့်သင်တန်းကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသောသန့်ရှင်းရေးဝန်ထမ်း(၃၅)ဦးတို့အား ဦးတင်အောင်ဝင်းမှသန့်ရှင်းရေးသုံးစက်ပစ္စည်းများဖြင့် လက်တွေ့သင်ကြားပေးခြင်းကို နေ့လည်၁နာရီမှ၂နာရီအထိ ထပ်မံပြုလုပ်ပေးခဲ့ပါသည်။ ထို့နောက်လာရောက်သင်ကြားပေးသော ဦးတင်အောင်ဝင်းနှင့်အဖွဲ့အား ဧရာဝတီဘဏ်မှအမှတ်တရလက်ဆောင်များ ပေးအပ်ကာ၊ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးပြီး နေ့လည်၂နာရီတွင် သင်တန်းအစီအစဉ် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။