ဧရာဝတီဖောင်ဒေးရှင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းများမှ မိဘမဲ့ ကလေးငယ်များ၊ စစ်ဘေးရှောင် ကလေးငယ်များနှင့် နွမ်းပါး ကလေးငယ် ကျောင်းသား ကျောင်းသူများအတွက် Face Shield အခုရေ (၄,၀၀၀) နှင့် အဝတ် Mask အခုရေ (၈,၅၀၀) များကို ဇေယျာမောင်မယ် ပရဟိတ အသင်းမှတစ်ဆင့် လှူဒါန်းခဲ့သည်။
ထို့အတူ ရောဂါပိုးကင်းစင်၍ နေရပ်ပြန်ရန် အခက်အခဲ ရှိသော မလေးရှားပြန် Covid-19 Positive လူနာ (၁၂)ဦးအတွက် တစ်ဦးလျှင် (၃)သိန်းကျပ်စီ ထောက်ပံ့ ကူညီပေးခဲ့ပါသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ စောင့်ကြည့်ခံနေရသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer များ စုစုပေါင်း လူဦးရေ (၃၄၆)ဦးအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာ အစားအသောက်များ နေ့စဉ် ပို့ဆောင်ပေးလျက်ရှိပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ Facility Quarantine စင်တာများအတွက် လူဦးရေ (၄၀၀)ကျော် နေထိုင်နိုင်သော ရုံးခန်းနေရာများကို ပံ့ပိုးထားရှိပါသည်။
ဧရာဝတီ ဖောင်ဒေးရှင်းသည် ကပ်ရောဂါ ကာကွယ်ကုသရေး အတွက် ထောက်ပံ့ကူညီခြင်း၊ နိုင်ငံအနှံ့အပြားသို့ စားနပ်ရိက္ခာများ လှူဒါန်းပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ကျန်းမာရေး အာမခံ ရန်ပုံငွေ မတည် လှူဒါန်းပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ပေးခြင်း၊ အခက်ကြုံနေရသူများကို ထောက်ပံ့ ကူညီခြင်းတို့ကို ဆောင်ရွက်ခဲ့သလို Max Energy မှ Taxi ယာဉ်မောင်းများ၊ ဆေးရုံကားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကပ်ရောဂါ ကာကွယ်ရေး ကူညီဆောင်ရွက် ပေးနေသူများ အတွက် အထူးဈေးနှုန်း သတ်မှတ်ရောင်းချ ပေးခဲ့ရာ Covid-19 ကာလအတွင်း အများအတွက် ငွေကျပ် သိန်းပေါင်း (၃)သောင်းကျော် သုံးစွဲ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။