ဧရာဝတီ ဖောင်ဒေးရှင်းသည် Covid-19 ကူးစက်ခံ လူနာများကို ကုသစောင့်ရှောက်ပေးလျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးနှင့် တောင်ဥက္ကလာပ ဆေးရုံကြီး အတွက် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန် ကျပ်သိန်း(၁၀၀)၊ ဓာတ်ခွဲ နမူနာများ ရယူပေးကြသော ရန်ကုန်တိုင်း ကျန်းမာရေး Swab Team မှ ကျန်းမာရေးဝန်ထမ်း (၃၀)ဦး အတွက် တစ်လစာ ထောက်ပံ့ငွေ (၆၃)သိန်း၊ ဧရာဝတီ တိုင်းဒေသကြီးမှ ဓာတ်ခွဲနမူနာများ ရန်ကုန်သို့ ပို့ဆောင်ရာတွင် အသုံးပြုရန် ပုသိမ်ဆေးရုံကြီးသို့ ငွေကျပ် သိန်း (၃၀)တို့ကို အသီးသီး လှူဒါန်းခဲ့ပါသည်။
ထို့အတူ ဇွန်လ(၁၁)ရက်နေ့မှ စတင်၍ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နိုင်ငံများမှ ပြန်လာသူများကို ဧရာဝတီ ဖောင်ဒေးရှင်းမှ စီမံဆောင်ရွက်ပေးထားသော ဘောလုံး လက်ရွေးစင် ကစားသမား အဆောင်များတွင် အဆင်ပြေစွာ Quarantine ဝင်နိုင်ရန် ကူညီဆောင်ရွက် ပေးလျက်ရှိကာ Quarantine စင်တာများရှိ Volunteer များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အခြား Quarantine စင်တာများမှ စုစုပေါင်း လူဦးရေ (၅၀၀)အတွက် တစ်နေ့ (၃)ကြိမ် အစားအသောက်များ စီမံ ပို့ဆောင်ပေးလျက်ရှိပါသည်။
ဧရာဝတီ ဖောင်ဒေးရှင်းသည် ကပ်ရောဂါ ကာကွယ်ကုသရေး အတွက် ထောက်ပံ့ကူညီခြင်း၊ နိုင်ငံအနှံ့အပြားသို့ စားနပ်ရိက္ခာများ လှူဒါန်းပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ကျန်းမာရေး အာမခံ ရန်ပုံငွေ မတည် လှူဒါန်းပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ပေးခြင်း၊ အခက်ကြုံနေရသူများကို ထောက်ပံ့ ကူညီခြင်းတို့ကို ဆောင်ရွက်ခဲ့သလို Max Energy မှ Taxi ယာဉ်မောင်းများ၊ ဆေးရုံကားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကပ်ရောဂါ ကာကွယ်ရေး ကူညီဆောင်ရွက် ပေးနေသူများ အတွက် အထူးဈေးနှုန်း သတ်မှတ်ရောင်းချ ပေးခဲ့ရာ Covid-19 ကာလအတွင်း အများအတွက် ငွေကျပ် သိန်းပေါင်း (၃)သောင်းကျော် သုံးစွဲ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။