ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Covid-19 ရောဂါပိုးရှိမရှိ စစ်ဆေးပေးမည့် ရန်ကုန် – ပြည်လမ်းမကြီး၊ မိုင်တိုင်(၄၃/၆)ရှိ Covid-19 ရောဂါစစ်ဆေးရေးစခန်း (တိုက်ကြီး)ကို ဧရာဝတီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းမည်ဖြစ်ရာ ကုန်ကျစရိတ်ကို Max Highway Co., Ltd. က ကျခံသွားမည်ဖြစ်ပါသည်။ တည်ဆောက်ရေးလုပ်ငန်းများမှာ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ပြီးစီးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။