General Payment Innovation (GPI) နည်းပညာသစ်ရှင်းလင်းပြောကြား

        

AYA Bank အနေဖြင့် နိုင်ငံတကာငွေလွှဲပြောင်းဝန်ဆောင်မှုများကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးလျှက်ရှိရာ ၊ SWIFT – Singapore Team မှ လာမည့်နှစ်အနည်းငယ်အတွင်း နိုင်ငံတကာဘဏ်များအချင်းချင်း ပိုမိုမြန်ဆန်တိကျစွာ ချိတ်ဆက်ဆောင်ရွက်နိုင်အောင် စီစဉ်ထားသော ၎င်းတို့၏ နည်းပညာသစ်ဖြစ်သည့် General Payment Innovation (GPI) ကို ၁၁၊ အောက်တိုဘာ၊ ၂၀၁၈ (ကြာသပတေးနေ့)နံနက်၁၀နာရီတွင် AYABankရုံးချုပ်(Rowe)ရှိConferenceRoomတွင် လာရောက်ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါပွဲသို့ AYABankမှ သက်ဆိုင်ရာအရာထမ်းများနှင့်ဌာနဝန်ထမ်းများ စုစုပေါင်း(၉၆)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ ရှင်းလင်းမှုများအပြီးတွင် သိရှိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လာရောက်ပြောကြားပေးသေ ာဧည့်သည်တော်များအား AYABankကိုယ်စားFIနှင့်L&Dဌာနများမှ တာဝန်ရှိသူများက ကျေးဇူး တင်စကားပြောကြားကာ လက်ဆောင်ပစ္စည်းများကို အမှတ်တရပေးအပ်ခဲ့ပြီး နံနက် ၁၁း၁၅ အချိန်တွင် အစီအစဉ်ပြီးမြောက်ခဲ့ပါသည်။