အသေးစားလုပ်ငန်း ပုံမှန်လည်ပတ်စေခြင်း၊ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများသည် လုပ်ငန်းအတွင်း လိုအပ်သည့် ရင်းနှီးမြှုပ်နှံခြင်း၊ တိုးချဲ့မှုပြုလုပ်လိုသော လုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဧရာဝတီဘဏ်အနေဖြင့် ငွေရေးကြေးရေး လိုအပ်ချက်ရှိပြီး အလားအလာရှိသော လုပ်ငန်းငယ်များကို ပံ့ပိုးပေးနိုင်ရန် အာမခံတန်ဖိုး အနည်းငယ်မျှဖြင့် (သို့မဟုတ်) အာမခံမပါရှိပဲ ချေးငွေတစ်ရပ် ထုတ်ချေးပေးနိုင်ရန် ရည်ရွယ်ပါသည်။
AYA Micro Loan လျှောက်ထားနိုင်သူများ
AYA Micro Loan ဝန်ဆောင်မှုကို လျှောက်ထားနိုင်သည့် အသေးစားစီးပွားရေး လုပ်ငန်းများသည်
- လုပ်ငန်းလိုင်စင်နှင့်လုပ်ငန်းသက်တမ်းအနည်းဆုံး (၁) နှစ်ရှိရမည်။
- AYA ဘဏ်မှချမှတ်ထားသော အခြားစံနှုန်းများနှင့်ကိုက်ညီရမည်။
အာမခံ အပေါင်ပစ္စည်းဖြင့် လျှောက်ထားပါက
လျှောက်ထားနိုင်သော ချေးငွေပမာဏ
အများဆုံး သိန်း (၃၀၀)
အာမခံ အပေါင်ပစ္စည်း အမျိုးအစား
တိုက်ခန်း
အမည်ပေါက် ဆိုင်ခန်း
အမည်ပေါက် Private ကား
ချေးငွေသက်တမ်း
(၁) နှစ်အထိ
အတိုးနှုန်း
တစ်နှစ်လျှင် (၉.၅%)
တစ်လလျှင် (၀.၇၉%)
အာမခံ အပေါင်ပစ္စည်းမဲ့ CGI (ချေးငွေ အာမခံ) စနစ်ဖြင့် လျှောက်ထားပါက
လျှောက်ထားနိုင်သော ချေးငွေပမာဏ
အများဆုံး သိန်း (၁၀၀)
ချေးငွေသက်တမ်း
(၁) နှစ်အထိ
အတိုးနှုန်း
တစ်နှစ်လျှင် (၁၀.၅%)
တစ်လလျှင် (၀.၈၇%)
မြန်မာ့အာမခံ (CGI) ပရီမီယံကြေး
ခွင့်ပြုချေးငွေ ပမာဏ၏ (၃%)
ပြန်လည်ပေးဆပ်ပုံ
ချေးငွေအတိုးအား အတိုးကြိုကောက်ခံခြင်းစနစ် (Upfront Method) ဖြင့် ဘဏ်မှ ကောက်ခံမည်ဖြစ်သည်။
ချေးငွေရရှိချိန်တွင် ကျသင့်သော တစ်နှစ်စာ အတိုးငွေအား ခွင့်ပြုချေးငွေပမာဏထဲမှ ကြိုတင်ကောက်ခံထားရှိပြီး ကျန်ချေးငွေ ပမာဏအား ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။
*** ချေးငွေအရင်းအား ဘဏ်သို့လစဉ် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
အာမခံအပေါင် ပစ္စည်းပေးအပ်ပြီး ချေးငွေလျှောက်ထားခြင်းအတွက် ဥပမာ
ခွင့်ပြု ချေးငွေပမာဏ (ဥပမာ) | (၁) နှစ်လျှင် အတိုးနှုန်း | စုစုပေါင်း (၁)နှစ်စာ အတိုး | ချေးငွေ ထုတ်ယူသုံးစွဲနိုင်မည့်ပမာဏ (အတိုးကောက်ခံပြီး) | လစဉ် ပြန်လည်ပေးဆပ်ရမည့် အရင်းငွေပမာဏ | (၁) ရက်စာ ကျသင့်မည့် အရင်းငွေပမာဏ |
---|---|---|---|---|---|
5,000,000 | 9.5% | 475,000 | 4,525,000 | 416,666 | 13,698 |
10,000,000 | 9.5% | 950,000 | 9,050,000 | 833,333 | 27,397 |
30,000,000 | 9.5% | 2,850,000 | 27,150,000 | 2,500,000 | 82,191 |
အာမခံအပေါင်ပစ္စည်းမဲ့ CGI (ချေးငွေ အာမခံ) စနစ်ဖြင့် ချေးငွေလျှောက်ထားခြင်းအတွက် ဥပမာ
ခွင့်ပြု ချေးငွေပမာဏ (ဥပမာ) | (၁) နှစ်လျှင် အတိုးနှုန်း | စုစုပေါင်း (၁)နှစ်စာ အတိုး | ချေးငွေ ထုတ်ယူသုံးစွဲနိုင်မည့်ပမာဏ (အတိုးကောက်ခံပြီး) | လစဉ် ပြန်လည်ပေးဆပ်ရမည့် အရင်းငွေပမာဏ | (၁) ရက်စာ ကျသင့်မည့် အရင်းငွေပမာဏ | မြန်မာ့အာမခံသို့ ပေးဆောင်ရသော ပရီမီယံကြေး (၃%) |
---|---|---|---|---|---|---|
5,000,000 | 10.5% | 525,000 | 4,475,000 | 416,666 | 13,6988 | 150,000 |
10,000,000 | 10.5% | 1,050,000 | 9,050,000 | 833,333 | 27,397 | 300,000 |
လုပ်ငန်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ
၁) လုပ်ငန်းလိုင်စင် နှင့် ခွင့်ပြုမိန့်
၂) လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဇယား
၃) ကုန်ရောင်းဝယ်ပြေစာများ/Ledger နှင့် မှတ်တမ်း (နောက်ဆုံး ၃လစာ)
၄) လုပ်ငန်း ဓါတ်ပုံများ (ရှေ့၊ နောက်၊ ဝဲ၊ ယာ နှင့် အတွင်းပိုင်း)
၅) SME Member Card
၆) SME ထောက်ခံစာ (ချေးငွေခွင့်ပြုချက်ရရှိပါက)
ချေးငွေလျှောက်ထားသူတို့နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ (အနည်းဆုံး ၂ ဦး လျှောက်ထားရန်)
၇) နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ) နှင့် အိမ်ထောင်စုလူဦးရေစာရင်း (မိတ္တူ)
၈) လိုင်စင်ဓာတ်ပုံအရွယ် ဓာတ်ပုံ (၂)ပုံ
၉) နေထိုင်သည့် နေရာ အထောက်အထား (စည်ပင်ခွန် (သို့) မြေခွန် (သို့) မီတာခွန်)
အာမခံနှင့်သက်ဆိုင်သော စာရွက်စာတမ်းများး
၁၀) တိုက်ခန်းဖြစ်ပါက
– ဆက်စပ်အရောင်းအဝယ်စာချုပ်များ
– BCC မိတ္တူ၊ မြေရှင်နှင့် ကန်ထရိုက်ချုပ်ဆိုထားသော စာချုပ်မိတ္တူ
အမည်ပေါက်ဆိုင်ခန်းဖြစ်ပါက
– အမည်ပေါက် ပိုင်ဆိုင်မှုစာအုပ်
အမည်ပေါက်မော်တော်ယာဉ်ဖြစ်ပါက
– အမည်ပေါက် ပိုင်ဆိုင်မှုစာအုပ်
ချေးငွေလျှောက်ထားသောရည်ရွယ်ချက်နှင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး အခြားစာရွက်စာတမ်းများ ထပ်မံလိုအပ်နိုင်ပါသည်။
နီးစပ်ရာ ဧရာဝတီဘဏ် ဘဏ်ခွဲများ တွင် ချေးငွေ စံသတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ တစ်ခါတည်း သိရှိနိုင်ပြီး လိုအပ်သော စာရွက်စာတမ်းများဖြင့် လျှောက်ထားနိုင်ပါသည်။
AYA Micro Loan လျှောက်ထားရာတွင် ဘဏ်သို့ ချေးငွေဝန်ဆောင်ခ (Service Charges) (လုံးဝ) ပေးစရာ မလိုပါ။
သို့သော် ဘဏ်သို့ အာမခံတင်ပြလျှောက်ထားပါက အာမခံအား ရာဖြတ်ခြင်း၊ အာမခံနှင့်ပတ်သက်၍ ရှေ့နေ စစ်ဆေးခြင်းများအတွက် ရာဖြတ်ခ၊
ရှေ့နေဆောင်ရွက်ခနှင့် အခြား အစိုးရရုံးဆိုင်ရာ ဆောင်ရွက်ခများအား ချေးငွေ လျှောက်ထားသူများမှ ပေးရမည်ဖြစ်သည်။