Myanmar Employer Awards 2019 အခမ်းအနား

 

Myanmar Employer Awards 2019 အခမ်းအနားကို ရန်ကုန်မြို့ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်မှာ ၂၀၁၉ ဒီဇင်ဘာလ (၇)ရက်က ကျင်းပခဲ့ရာ ပါဝင်ယှဉ်ပြိုင်သူ ပြည်တွင်းနှင့် နိုင်ငံတကာအခြေပြု စီးပွားရေးကုမ္ပဏီလုပ်ငန်းကြီးများအနက်မှ Best Career Advancement Program – Silver Award နှင့် People’s Choice Award – Silver Award ဆုရှင်အဖြစ် AYA Financial Group မိသားစုဝင် AYA Bank မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆွတ်ခူးရရှိခဲ့ပါတယ်။ အခုရရှိခဲ့တဲ့ ဆုတံဆိပ်များအနက် Best Career Advancement Program – Silver Award ခေါင်းစဉ်ဖြင့် ဆွတ်ခူးရရှိခဲ့တာဟာဆိုရင်ဖြင့် ဝန်ထမ်းများရဲ့ အရည်အသွေးလိုအပ်ချက်ကို ခေတ်မီတိုးတက်ကောင်းမွန်တဲ့ အစီအစဉ်များနှင့် ဆောင်ရွက်လျက်ရှိတဲ့ AYA Bank အတွက် ထပ်တူကျတဲ့ အသိအမှတ်ပြုရလာဒ်အဖြစ် ကျေနပ် ဂုဏ်ယူမိပါတယ်။ AYA Bank ရဲ့ ဘဏ်ဝန်ဆောင်မှုကို ယုံကြည်စွာ အသုံးပြုနေတဲ့ မိတ်ဆွေများကို အကောင်းဆုံးဝန်ဆောင်ပေးနိုင်ဖို့ဆိုရင် မိမိတို့ရဲ့ ဝန်ထမ်းများဟာ အရည်အသွေးပြည့်ဝနေရပါမယ်လို့ ခံယူချက်ထား၍ လေ့ကျင့်သင်ကြားပျိုးထောင်လျက်ရှိပါတယ်။ ဒါ့အပြင် အများနှစ်သက်စွာ မဲပေးရွေးချယ်ခဲ့ကြတဲ့အတွက် People’s Choice Award – Silver Award ကို ဆွတ်ခူးရရှိခဲ့တာကြောင့် ထပ်ဆင့် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ အခုရရှိတဲ့ဆုတံဆိပ်နှင့် ကျေနပ်နှစ်သိမ့် ရပ်တန့်နေမှာ မဟုတ်ဘဲ နောက်ထပ်အောင်မြင်မှုများဆီ ဆက်လက် တက်လှမ်းသွားဖို့ AYA Bank ရဲ့ မိတ်ဆွေတွေနှင့်အတူ ဝန်ထမ်းများမှ စိတ်အားထက်သန် တက်ကြွစွာဖြင့် အဆင်သင့်ရှိနေကြပြီဖြစ်ပါတယ်။