Risk Based Supervision အလုပ်ရုံဆွေးနွေးပွဲ နှင့် မွမ်းမံသင်တန်း

ဧရာဝတီဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသော မူဝါဒ လုပ်ထုံးလုပ်နည်းများလိုက်နာကာ အများပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးစားလျှက်ရှိနေသည်နှင့်အညီ Risk Based Supervision အလုပ်ရုံဆွေးနွေးပွဲ နှင့် မွမ်းမံသင်တန်း တစ်ရပ်အား ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်၊ တနင်္လာနေ့ နေ့လည် (၂) နာရီ မှ နေ့လည် (၄းဝ၀) နာရီ အထိ ဧရာဝတီဘဏ် ရုံးချုပ်၊ ကျောက်တံတားမြို့နယ် (Rowe) ရှိ Pathein Room ၌ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒုတိယ ဥက္ကဌ (၁) ဒေါ်ခင်စောဦး မှ Risk Based Supervisory Framework အကြောင်းကိုလည်းကောင်း၊ Senior Chief Finance Officer Mr.Azeem Azimuddin မှ Risk Based Audit & Internal Control Questionnaire ကိုလည်းကောင်း၊ Senior Chief Risk & Compliance Officer ဦးကိုကိုဦး မှ Risk Management အကြောင်းကိုလည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။ ထို့အပြင် ဘဏ်ဝန်ထမ်းများ သိသင့်သိထိုက်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ ဗဟုသုတများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်မှ ချမှတ် ထားသော စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လေးစားလိုက်နာစေရန်များ၊ နည်းဥပဒေများ နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲနှင့် မွမ်းမံ သင်တန်းသို့ ဖိတ်ကြားထားသော စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနမှူးများ၊ အရာထမ်းများ၊ ဒေသကြီးတာဝန်ခံများ၊ ဇုံတာဝန်ခံများနှင့် စုစုပေါင်းဝန်ထမ်း (၁၂၅) ဦးတို့မှ ပါဝင်တက်ရောက်ကာ အသိအမြင်များ၊ လုပ်ငန်းအတွေ့အကြုံများအား ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ထို့နောက်တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များ မေးမြန်းခြင်းအားလည်း ပြန်လည်ဖြေကြား ပေးခဲ့ပါသည်။