Safety Campaign အစီအစဉ်အဖြစ် အမြန်လမ်းများတွင် မော်တော်ယာဉ်ကို သတ်မှတ်ထားတဲ့ အရှိန်အတိုင်းမောင်းနှင်ဖို့ နှင့် ကားမောင်းတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ဖို့ စတဲ့ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို မော်တော်ယာဉ်မောင်းနှင်သူ နှင့် လိုက်ပါစီးနင်းသူများအား အသိပညာပေးပြောကြားခြင်း

မိတ်ဆွေတို့ရဲ့အသက်တစ်ချောင်းဟာ မိတ်ဆွေတို့အတွက် အရေးကြီးသလို မှီခိုအားကိုးနေတဲ့ မိသားစုအတွက်လည်း တန်ဖိုးရှိတယ်ဆိုတာ မမေ့နဲ့နော်။
အခုလို မိုးရာသီအချိန်မှာ ကားမောင်းတဲ့အခါ အရမ်းကို အန္တရာယ်များတဲ့အတွက်ကြောင့် ကားကိုသတ်မှတ်ထားတဲ့ အရှိန်အတိုင်းမောင်းနှင်ဖို့နှင့် ကားမောင်းတဲ့အခါ ခါးပတ်ပတ်ဖို့ စတဲ့ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများအတိုင်း လိုက်နာ မောင်းနှင်မယ်ဆိုရင် မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်မှာဖြစ်သလို မိတ်ဆွေရဲ့ အိမ်အပြန်ခရီးလမ်းတိုင်းဟာလည်း လုံခြုံမှုရှိနေမှာပါ။
ဧရာဝတီဘဏ်မှလည်း Reduce Speed Limit Campaign ကို AMI, AYAtrust, Max Myanmar, Max Highway တို့နှင့် အတူပူးပေါင်း၍ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် မှော်ဘီ တိုးဂိတ်၌ နံနက် (၇)နာရီခွဲ မှ (၉)နာရီအထိ ဆောင်ရွက်ခဲ့ပါသည်။
ယင်းအစီအစဉ်တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် သတိပေးနှိုးဆော်ချက်အနေဖြင့် တိုးဂိတ်များသို့ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်း၊ လိုက်ပါလာသူများအား ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပေးခြင်းနှင့် သော့ချိတ်များ လက်ဆောင်ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။