Safety Campaign အစီအစဉ်အဖြစ် အမြန်လမ်းများတွင် မော်တော်ယာဉ်ကို သတ်မှတ်ထားတဲ့ အရှိန်အတိုင်းမောင်းနှင်ဖို့ နှင့် ကားမောင်းတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ဖို့ စတဲ့ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို မော်တော်ယာဉ်မောင်းနှင်သူ နှင့် လိုက်ပါစီးနင်းသူများအား အသိပညာပေးပြောကြားခြင်း

Safety Campaign

အစီအစဉ်အဖြစ် အမြန်လမ်းများတွင် မော်တော်ယာဉ်ကို သတ်မှတ်ထားတဲ့ အရှိန်အတိုင်းမောင်းနှင်ဖို့ နှင့် ကားမောင်းတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ဖို့ စတဲ့ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို မော်တော်ယာဉ်မောင်းနှင်သူ နှင့် လိုက်ပါစီးနင်းသူများအား အသိပညာပေးပြောကြားခြင်း အစီအစဉ်အဖြစ် AYA Bank၊ AMI၊ AYAtrust၊ Max Myanmar နှင့် Max Highway တို့မှ အတူပူးပေါင်း၍ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ထောက်ကြန့်တိုးဂိတ်၌ နံနက် (၇)နာရီခွဲ မှ (၉)နာရီအထိ ဆောင်ရွက်ခဲ့ပါသည်။
ယင်းအစီအစဉ်တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် သတိပေးနှိုးဆော်ချက်အနေဖြင့် တိုးဂိတ်များသို့ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်း၊ လိုက်ပါလာသူများအား ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပေးခြင်းနှင့် သော့ချိတ်များ လက်ဆောင်ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
အလားတူ ၂၀၁၉၊ ဇူလိုင်လ (၆) ရက်နေ့က မှော်ဘီတိုးဂိတ်တွင်လည်း ယာဉ်အန္တရာယ် သတိပေးနှိုးဆော်ခြင်းအစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး နောင်တွင်လည်း ယခုကဲ့သို့ လူမှုအကျိုးပြုအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မိတ်ဆွေတို့ရဲ့အသက်တစ်ချောင်းဟာ မိတ်ဆွေတို့အတွက် အရေးကြီးသလို မှီခိုအားကိုးနေတဲ့
မိသားစုအတွက်လည်း တန်ဖိုးရှိတယ်ဆိုတာ မမေ့ကြစေလိုပါ။
အခုလို မိုးရာသီအချိန်မှာ ကားမောင်းတဲ့အခါ အရမ်းကို အန္တရာယ်များတဲ့အတွက်ကြောင့် သတိပြုလိုက်နာ မောင်းနှင်မယ်ဆိုရင် မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ အန္တရာယ်ကင်းကင်းနှင့် သွားလာနိုင်မှာဖြစ်သလို မိတ်ဆွေရဲ့ အိမ်အပြန်ခရီးလမ်းတိုင်းဟာလည်း လုံခြုံပျော်ရွှင်မှုရှိနေမှာဖြစ်ပါသည်။