Seminar for AML/CFT Awareness and Preventive Measure for Banks

  

  

ဧရာဝတီဘဏ်လီမိတက်အနေဖြင့်(၂၆/၁/၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဧရာဝတီဘဏ်၏ဘဏ်ခွဲများမှဘဏ်ခွဲတာဝန်ခံများ၊ ဒုတာဝန်ခံများနှင့်ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ဝန်ထမ်းများအတွက် “Seminar for AML/CFT Awareness and Preventive Measure for Banks” ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်အား ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါSeminarတွင်မြန်မာနိ်ုင်ငံတော်ဗဟိုဘဏ်မှဒုတိယညွှန်ကြားရေးမှူးဦးအောင်ကျော်သန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit FIU)မှဒုတိယညွှန်ကြားရေးမှူးဦးမျိုးမင်းထိုက်၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးသူရိန်အောင်တို့အားပါဝင်ဟောပြောပေးပါရန်အထူးဧည့်သည်တော်များအဖြစ်ဖိတ်ကြားခဲ့ပါသည်။ ပထမဦးစွာဧရာဝတီဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး မှ အဖွင့်အမှာစကား ပြောကြားပြီး “Legal and Regulatory Framework for AML/CFT in Myanmar” ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ပါသည်။၎င်းနောက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်း က “Preventive Measure for Banks” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှဒုတိယညွှန်ကြားရေးမှူးဦးမျိုးမင်းထိုက်က“သတင်းပေးပို့ခြင်းလုပ်ငန်းစဉ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊အထူးစုံစမ်းစစ်ဆေးရေးမှလက်ထောက်ညွှန်ကြားရေးမှူးဦးသူရိန်အောင်မှလည်း”AML/CFTဆိုင်ရာသတိပြုရမည့်အချက်များ” အကြောင်းကိုလည်းကောင်းအသီးသီးဆွေးနွေးဟောပြောခဲ့ပါသည်။တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များ မေးမြန်းခြင်း အားလည်း ပြန်လည် ဖြေကြား ပေးခဲ့ပါသည်။ထို့နောက် နေ့လည်ပိုင်းနှင့် ညနေပိုင်းတွင် ဧရာဝတီဘဏ်၊ Enterprise Risk Management ဌာနမှ ဝန်ထမ်းများအတွက် နှစ်စဉ်ပြုလုပ်နေကြဖြစ်သော Concepts and the Key functions of Compliance&RiskManagementအသိပညာပေးဆွေးနွေးပွဲအားဦးအောင်ကိုုကိုဦးမှဦးဆောင်ပြီးဆက်လက် ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် ရုံးချုပ်မှ ထုတ်ပြန်ထားသော Policies များ၊ SOP များအား လေးစားလိုက်နာရန်နှင့်ဘဏ်ဝန်ထမ်းများသိသင့်သိထိုက်သောငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာဗဟုသုတများ၊လုပ်ငန်းဆောင်ရွက်ရာတွင်ဗဟိုဘဏ်မှချမှတ်ထားသောစည်းမျဉ်း၊စည်းကမ်းများအတိုင်းလေးစားလိုက်နာစေရန်များ၊နည်းဥပဒေများ နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ထည့်သွင်းဆွေးနွေးခဲ့