Successful Loan Origination and Risk Mitigation

ဧရာဝတီဘဏ်၏ ဝန်ထမ်းများအားလုံး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသောဝန်ထမ်းများ အဖြစ် ဆက်လက်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ဧရာဝတီဘဏ်မှ ၄င်းတို့တာဝန်ယူလုပ်ဆောင်နေရသော ဌာနအလိုက်နှင့် ကဏ္ဍအလိုက်လိုအပ်သောသင်တန်း များတက်ရောက်စေခြင်းဖြင့် ပံ့ပိုးပေးလျှက် ရှိနေပါသည်။ ထိုသို့စီစဉ်ပေးလျှက်ရှိရာ Business Division, Domestic Corporate Banking မှ Director ဦးနေလင်းထွဋ်သည် Successful Loan Origination and Risk Mitigation ခေါင်းစဉ်ဖြင့် သင်တန်းတစ်ရပ်အား ၂၀၁၉ ခု၊ သြဂုတ်လ (၂၇) ရက်နေ့ နံနက် (၉းဝ၀) နာရီ မှ နေ့လည် (၁၂းဝ၀) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (Rowe) တွင် ပို့ချ ပေးခဲ့ပါသည်။အဆိုပါသင်တန်းသို့ Corporate Domestic, Loan, Risk ဌာန များနှင့် ဒေသကြီး ၁,၂ မှ တာဝန်ရှိသူ၊ စုစုပေါင်း ဝန်ထမ်း (၇၄) ဦးတက်ရောက်ခဲ့ကြပါသည်။