YCB Payment Gateway အသုံး ပြု၍ ဧရာဝတီဘဏ်မှ ကောက်ခံပေးသွင်းရန် လုပ်ငန်းစတင် ဆောင်ရွက်ခြင်း အခမ်းအနား

   

ယနေ့စက်တင်ဘာ(၁၂)ရက်၊၂၀၁၉ခုနှစ်၊နံနက်၉:ဝ၀နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအခွန်အခများကို YCB Payment Gateway အသုံးပြု၍ ဧရာဝတီဘဏ်နှင့်အတူ အခြားဘဏ်များမှ ကောက်ခံပေးသွင်းရန် လုပ်ငန်းစတင် ဆောင်ရွက်ခြင်းအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ပါသည်။
ထိုပွဲတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် သက်ဆိုင်ရာရန်ကုန်တိုင်းဒေသကြီး၏ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်နှင့်ဧရာဝတီဘဏ်၏အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မီဒီယာများ တက်ရောက်ခဲ့ပါသည်။ ဧရာဝတီဘဏ်၏အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်မှ AYAmBankingဖြင့် ရန်ကုန်မြို့တော်၏အခွန်အခများကို လွယ်ကူစွာပေးဆောင်နိုင်မည့်အကြောင်းနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
အများပြည်သူများအနေဖြင့် ဘဏ်ဝန်ဆောင်ခထပ်မံပေးသွင်းစရာမလိုဘဲ မြေခွန်၊မြေငှားရမ်းခ၊ရေဖိုးရေခ၊သန့်ရှင်းရေးဆောင်ရွက်ခ စတဲ့ အခွန်အခများကို AYA mBanking ကို အသုံးပြုပြီး ပေးချေနိုင်တော့မည်ဖြစ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အခွန်အခများကို AYA mBanking ဖြင့်ပေးချေရန် ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်ခွဲ (၁၀၈) ဘဏ်တွင် အခမဲ့လျှောက်ထားနိုင်ပါသည်။
အခုလိုနည်းပညာအကူအညီနဲ့အတူ အများပြည်သူရဲ့အခွန်အခတွေရရှိလာမယ်ဆိုရင် ရန်ကုန်မြို့တော်သူမြို့တော်သားတွေအတွက် ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လာနိုင်မှာပဲ ဖြစ်ပါတယ်။YCDC နှင့် AYA Bank မှ Electronic Payment များအတွက် လက်တွဲပူးပေါင်းပြီး ဦးဆောင်ဆောင်ရွက်ခဲ့သည်မှာ၄နှစ်တာကာလရှိခဲ့ပါပြီ။ ယခုအခါ YCB Payment Gateway အသုံးပြုနိုင်ခြင်းအတွက် ဧရာဝတီဘဏ်မှ ဂုဏ်ယူဝမ်းမြောက်ပါသည်။
ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုအသစ်တစ်ခုကိုလည်းဧရာဝတီဘဏ်မှ အများပြည်သူအသုံးပြုနိုင်အောင် မကြာခင်မိတ်ဆက်တော့မှာဖြစ်သည်။