အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၂)ဆင်းပွဲ အခမ်းအနား

 

 

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၂)ဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့၊ မွန်းလွဲ (ဝ၁းဝ၀) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (Rowe Conference Room)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ ပြီး ဧရာဝတီဘဏ်၊ ဒုတိယဥက္ကဌ ဦးသန်းဇော်မှ သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက်ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအမှတ်စဉ် (၁၀၂) တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုအား မန္တလေးမြို့မှ ဒေါ်စုမြတ်ထက်၊ ဒုတိယဆုအား အထောင်မြို့မှ ဒေါ်စုနန္ဒာ နှင့် တတိယဆုအား ရန်ကုန်မြို့မှ ဒေါ်ခိုင်ဇင်မျိုးဦးတို့မှ အသီးသီး လက်ခံရရှိခဲ့ပါသည်။ ဆက်လက်၍ အခြေခံဘဏ်လုပ်ငန်း သင်တန်း အမှတ်စဉ် (၃) မှ အမှတ်စဉ် (၁၀၂)အထိ သင်တန်းအမှတ်စဉ်အကြိမ် (၁၀ဝ)တိုင်အောင် သင်ကြားပို့ချပေးခဲ့သော ဆရာမကြီး ဒေါ်အေးကြွယ်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး တက်ရောက်လာသော အကြီးအကဲများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းမှာ ဓနုဖြူ၊ အထောင်၊ ကျုံပျော်၊ ရေကြည်၊ အောင်ပန်း၊ မြင်းခြံ၊ နေပြည်တော်၊ မြစ်ကြီးနား၊ မြဝတီ၊ မြောင်းမြ၊ မန္တလေးနှင့် ရန်ကုန် ဘဏ်ခွဲတို့တွင်တာဝန်ထမ်းဆောင်ကြမည့်သင်တန်းသား/သင်တန်းသူ(၅၆)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းကာလအနေဖြင့် ရက်သတ္တပတ်(၆)ပတ်ကြာမြင့်ခဲ့ပါသည်။