အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၄)ဖွင့်ပွဲ အခမ်းအနား

 

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၄) ဖွင့်ပွဲ အခမ်းအနားကို ဘဏ်သင်တန်းကျောင်း (ပင်လုံ) ၌ ကျင်းပပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်လီမိတက်၏ အကြံပေး ဦးခင်မောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက်သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်းစီ မိတ်ဆက်စကားပြန်လည်ပြောကြားခဲ့ကြပြီး၊ ဒေါ်စုနန္ဒာ (Deputy General Manager, L&D) မှ သင်တန်းသားများအား သင်တန်းဌာနကိုယ်စား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ဖွင့်ပွဲကို ရုပ်သိမ်းခဲ့ပြီးအကျွေးအမွေးများဖြင့်တက်ရောက်လာသူများနှင့်သင်တန်းသားများကိုဧည့်ခံခဲ့ပါသည်။ ယခုသင်တန်းမှာရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ ကော့ကရိတ်၊ မြဝတီ၊ ဖျာပုံ၊ ရေကြည်၊ မုံရွာ၊ ပခုက္ကူ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ လပွတ္တာ၊ ရေနီ၊ ကျိုက်ထို နှင့် မြစ်ကြီးနားဘဏ်ခွဲ အသီးသီးတွင် တာဝန်ထမ်းဆောင် ကြမည့် သင်တန်းသား/သင်တန်းသူ (၆၂) ဦးအား စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်း ကာလအနေဖြင့် ရက်သတ္တပတ် (၆)ပါတ်ကြာမြင့်မည်ဖြစ်ပါသည်။