ဧရာဝတီတိုင်းဒေသကြီးအတွက် ငွေကျပ် (၃၅၈)သိန်းတန်ဖိုးရှိ Covid-19 ကူးစက်မှု ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

  

ဧရာဝတီတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကြိုးပမ်းဆောင်ရွက်မှုကို အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ဧရာဝတီဖောင်ဒေးရှင်းက တတိယအကြိမ် လှူဒါန်းမှုအဖြစ် ငွေကျပ် (၃၅၈)သိန်းတန်ဖိုးရှိ Covid-19 ကူးစက်မှု ကာကွယ်ရေးပစ္စည်းများကို တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးလှမိုးအောင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် Medical Recommanded PPE အစုံ (၈၀၀)၊ Volunteer PPE အစုံ (၁၀၀၀)၊ N95 Mask အခုရေ (၁၀၀၀)၊ Mask အခုရေ (၁၅၀၀၀၀)၊ လည်ရှည်ဖိနပ် အရံ(၁၂၀)၊ Hand Sanitizer ဘူး (၇၂၀)နှင့် ကလိုရင်းပိုးသတ်ဆေးရည် (၁၅)ပုံးတို့ကို ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။