ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၁) ဆင်းပွဲ အခမ်းအနား

 

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၁) ဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့၊ မွန်းလွဲ (ဝ၂း၃၀) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (Rowe Conference Room)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူ များ တက်ရောက်ခဲ့ ပြီး ဧရာဝတီဘဏ်၊ ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးမှ သင်တန်းဆင်းပွဲအမှတ်တရ အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက်ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်း အပါတ်စဉ် (၁၀၁) တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုအား မန္တလေးမြို့မှ ဒေါ်ဖူးဖူးအောင် ၊ ဒုတိယဆုအား မန္တလေးမြို့ မှ ဒေါ်ခိုင်ဇင်ထွေး၊ တတိယဆုအား ရန်ကုန်မြို့မှ ဒေါ်နိုနိုလျှံထွန်း နှင့် ဘက်စုံထူးချွန်ဆုအား ရန်ကုန်မြို့မှ ဦးပြည်သိန်းကျော် တို့မှအသီးသီးလက်ခံရရှိခဲ့ပါသည်။ထို့နောက် သင်တန်းသားများကိုယ်စား ဘက်စုံထူးချွန်ဆုရရှိသူ ဦးပြည်သိန်းကျော်မှ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသောအကြီးအကဲများနှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းမှာ ကသာ၊ လားရှိုး၊ တောင်ကြီး၊ နေပြည်တော်၊ အောင်လံ၊ ပုသိမ်၊ သထုံ၊ သန်လျင်၊ မန္တလေးနှင့် ရန်ကုန် ဘဏ်ခွဲတို့တွင် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား/သင်တန်းသူ (၆၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းကာလအနေဖြင့် ရက်သတ္တပတ်(၆)ပတ်ကြာမြင့်ခဲ့ပါသည်။