ဧရာဝတီဘဏ်လီမိတက်၏ (၂၆၀)ဘဏ်မြောက် ဘဏ်ခွဲဖွင့်လှစ်ခဲ့ခြင်း

     

ဧရာဝတီဘဏ်လီမိတက်၏(၂၆၀)ဘဏ်မြောက်ဘဏ်ခွဲဖြစ်သည့် ပင်လုံဘဏ်ခွဲကို အမှတ်(၁၅)၊ကျောက်တိုင်လမ်း၊အမှတ်(၂)ရပ်ကွက်၊ ပင်လုံမြို့၊ လွိုင်လင်ခရိုင်၊ ရှမ်းပြည်နယ်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး မိဘပြည်သူများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။ဧရာဝတီဘဏ် ပင်လုံဘဏ်ခွဲဖွင့်ပွဲသို့ တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်ဘဏ်များနှင့် ဧရာဝတီဘဏ်အား သုံးစွဲသူ မိဘပြည်သူအပေါင်းတို့ကို ဧရာဝတီဘဏ်လီမိတက်(ရုံးချုပ်)မှ ဒုတိယဥက္ကဋ္ဌ-၁ ဒေါ်ခင်စောဦး၊ လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိချုပ် ဒေါ်မေမြတ်သူတို့နှင့်အတူ တိုင်းဒေသကြီး(၃)တာဝန်ခံနှင့် ဇုန်တာဝန်ခံများ၊ တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။