ဧရာဝတီဘဏ်ဝန်ထမ်းမိသားစုများ၏ ခရစ္စမတ်နေ့အကြို ပျော်ပွဲရွှင်ပွဲကျင်းပ

     

ဧရာဝတီဘဏ်လီမိတက်(ရုံးချုပ်) ROWE နှင့် River View ရှိ ခရစ်ယာန်ဘာသာဝင် ဝန်ထမ်း မောင်နှမ များက ဦးဆောင်ကျင်းပသည့် ခရစ္စမတ် နေ့ထူးနေ့မြတ်အကြို ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ယနေ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ်ရှိ ဧရာဝတီဘဏ် လီမိတက်(ရုံးချုပ်) ROWE ၌ ကျင်းပခဲ့သည်။အခမ်းအနားသို့ ဧရာဝတီဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော်အမှူးပြုသော ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ၊ အကြီးတန်းအုပ်ချုပ်ရေးအရာရှိများ၊ ဌာနတာဝန်ခံများ၊ ဝန်ထမ်းမောင်နှမများ တက်ရောက်ခဲ့ကြပြီး ခရစ်ယာန်မောင်နှမများနှင့်အတူ ခရစ္စမတ်တေးများ အတူတူသီဆိုကာ ပျော်ရွှင်စွာဆင်နွှဲခဲ့ ကြသည်။ ဧရာဝတီဘဏ်လီမိတက် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့မှ ကောင်းချီးမင်္ဂလာ အမှတ်တရ ဆုမွန်ကောင်းစကားများ အသီးသီး ပြောကြားခဲ့ပြီး လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။ နံနက် ၇:၃၀ နာရီမှ စတင်၍ ဧရာဝတီဘဏ်လီမိတက်(ရုံးချုပ်) ROWE နှင့် River View တွင် ခရစ်ယာန်ဘာသာဝင် မောင်နှမများမှ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ကြာဇံချက်နှင့် ကော်ဖီကို ဧည့်ခံကျွေးမွေးခဲ့ကြပြီး ခရစ္စမတ်အကြိုကာလအား ပျော်ရွှင်ကြည်နူးဖွယ်ရာ ဆင်နွှဲခဲ့ကြသည်။