၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဧရာဝတီဘဏ် Compliance Department မှ ကြီးမှူးပြီး L&D Department နှင့် ပူးပေါင်း၍ ဘဏ်၏ BOD အဖွဲ့ဝင်များ၊ Senior Management များ၊ HOD များ၊ Division Head များအတွက် AML-CFT Awareness 2022 High Level Seminar အား Online ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Seminar တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ Financial Intelligence Unit (FIU) နှင့် Bureau of Special Investigation (BSI) တို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအား ဖိတ်ခေါ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ ဘဏ်၏ Executive Chairperson ဒေါ်ခင်စောဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် –
ဘဏ်လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ နှင့် ဆူံးရှုံးနိုင်ခြေ (Risk) အမျိုးမျိူးတို့ကြောင့် Risk Management ကိုကောင်းမွန်စွာ ခန့်ခွဲနိုင်မှသာ ဘဏ်အနေဖြင့် တဖက်တွင် Business တိုးတက်လာသလို အခြားတဖက် တွင်လည်း Sound & Stable Financial Standing အခြေအနေကို ရရှိမည် ဖြစ်ကြောင်း၊ Internal Control တွင် ဘဏ်၏ BOD, Senior Management နှင့် စီမံခန့်ခွဲသူများကို AML-CFT Awareness တိုးမြှင့်စေရန်နှင့် ပညာပေး သင်တန်းများ၊ Seminar များ၊ Workshop များ ပြုလုပ်ပေးရန် လိုအပ်လာပါကြောင်း၊ သိတာထက် ပိုသိအောင် ပို၍ အသုံးချ တတ်အောင် ဆောင်ရွက် သွားရမည် ဖြစ်သောကြောင့် ယခု Seminar အား ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်သူများ အနေဖြင့်လည်း သက်ဆိုင်ရာ ဌာန အသီးသီးမှ မေတ္တာဖြင့် ပို့ချပေးသူများအား လေးစားစွာဖြင့် သင်ယူမှတ်သား၍ လက်တွေ့ အကောင်အထည်ပေါ်ဆောင်ရွက် သွားစေလိုကြောင်း တိုက်တွန်း ပြောကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ Monetary Policy Affairs and Financial Institutions Regulation Department မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်းက The Role of Bank’s Senior Management in AML/CFT Preventive Measures ခေါင်းစဉ်ဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး သိကောင်းစရာများ၊ လိုက်နာဆောင်ရွက်ရမည်များ၊ BOD နှင့် Senior Management, HOD များ လုပ်ဆောင်ရမည့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် အချက်များအား ဆွေးနွေးခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ Financial Institutions Supervision (FISD) Department မှ ညွှန်ကြားရေးမှူး ဦးဇော်မိုးက Risk Management နှင့် ပတ်သက်ပြီး ဗဟိုဘဏ်မှ တိုင်းတာစစ်ဆေးနေသည့် လုပ်ငန်းများ၊ AML Risk အား Offsite and Onsite စစ်ဆေးမှုနှင့် ပတ်သက်ပြီး Rating Score ရရှိမှုများ၊ Mitigation လုပ်ဆောင်ရမည့် အချက်များအား ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး FIU မှ ရဲမှူးကြီး ဦးမြင့်စိုးမှ Financial Action Task Force-FATF and Myanmar “Challenges and Opportunities” ခေါင်းစဉ်ဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများ၊ ဆက်လက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်များ၊ ဘဏ်လုပ်ငန်းများမှ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည့်အချက်များအကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် BSI မှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်မှ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက် ချက်များ (Preventive Measures) နှင့် လူအများအပြားသေကြေစေသော လက်နက်များ ပြန့်ပွားစေရန် ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး (Countering the Financing of Proliferation) အကြောင်းကို ဆွေးနွေးပို့ချခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ဧရာဝတီဘဏ်၏ ဒုတိယဥက္ကဌ၊ Board Risk and Compliance Committee ဥက္ကဌ ဦးသန်းဇော် မှ ယနေ့ Seminar အတွက် ဘာသာရပ်ဆိုင်ရာအလိုက် ဆွေးနွေးပို့ချပေးခဲ့သော ကျွမ်းကျင်သူများအား ဘဏ်ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး Seminar အား ရုတ်သိမ်းခဲ့ပါသည်။