ဧရာဝတီဘဏ် နှင့် စိုင်ယမ်ကော်မာရှယ်ဘဏ်တို့၏ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား

   

ဧရာဝတီဘဏ်နှင့် ထိုင်းနိုင်ငံ၏ ထိပ်တန်းဘဏ်တစ်ခုဖြစ်သော စိုင်ယမ်ကော်မာရှယ်ဘဏ်တို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ (Cross Border Payments) နှင့် နှစ်နိုင်ငံအကြား ငွေလွှဲလုပ်ငန်းတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့တွင် AYA Bank (Rowe Head Office) ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ သက်ဆိုင်ရာဘဏ်မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြရာ ဧရာဝတီဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်နှင့် စိုင်ယမ်ကော်မာရှယ်ဘဏ် ၏ Advisor to CEO (International Banking Business) ဖြစ်သူ Mr. Kamalkant Agarwal တို့မှ လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်ဖက် အသိသက်သေများအဖြစ် ဧရာဝတီဘဏ်မှ Mr. Azeem Azimuddin (SCFO) နှင့် ဦးဖုန်းသက်ဦး (Head of Financial Institutions)၊ စိုင်ယမ်ကော်မာရှယ်ဘဏ်မှ Ms. Apiradee Synsukpermpoon EVP (International Banking Business) နှင့် Ms. Vitita Theeraporn (Chief Representative SCB Yangon Rep. Office) တို့မှ အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုသူများအတွက် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေကို တိုက်ရိုက်လဲလှယ် သုံးစွဲနိုင်ရန်၊ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများနှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဘဏ်မှတစ်ဆင့် ငွေပေးချေနိုင်ရန် ရည်ရွယ်ပြီး လက်မှတ်ရေးထိုးခြင်းဖြစ်ပါသည်။