YCB Payment Gateway အသုံး ပြု၍ ဧရာဝတီဘဏ်မှ ကောက်ခံပေးသွင်းရန် လုပ်ငန်းစတင် ဆောင်ရွက်ခြင်း အခမ်းအနား

    ယနေ့စက်တင်ဘာ(၁၂)ရက်၊၂၀၁၉ခုနှစ်၊နံနက်၉:ဝ၀နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအခွန်အခများကို YCB Payment Gateway အသုံးပြု၍ ဧရာဝတီဘဏ်နှင့်အတူ အခြားဘဏ်များမှ ကောက်ခံပေးသွင်းရန် လုပ်ငန်းစတင် ဆောင်ရွက်ခြင်းအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ပါသည်။ ထိုပွဲတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် သက်ဆိုင်ရာရန်ကုန်တိုင်းဒေသကြီး၏ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်နှင့်ဧရာဝတီဘဏ်၏အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မီဒီယာများ တက်ရောက်ခဲ့ပါသည်။ ဧရာဝတီဘဏ်၏အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်မှ AYAmBankingဖြင့် ရန်ကုန်မြို့တော်၏အခွန်အခများကို လွယ်ကူစွာပေးဆောင်နိုင်မည့်အကြောင်းနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ အများပြည်သူများအနေဖြင့် ဘဏ်ဝန်ဆောင်ခထပ်မံပေးသွင်းစရာမလိုဘဲ မြေခွန်၊မြေငှားရမ်းခ၊ရေဖိုးရေခ၊သန့်ရှင်းရေးဆောင်ရွက်ခ စတဲ့ အခွန်အခများကို AYA mBanking ကို အသုံးပြုပြီး ပေးချေနိုင်တော့မည်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အခွန်အခများကို AYA mBanking ဖြင့်ပေးချေရန် ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်ခွဲ (၁၀၈) ဘဏ်တွင် အခမဲ့လျှောက်ထားနိုင်ပါသည်။ အခုလိုနည်းပညာအကူအညီနဲ့အတူ အများပြည်သူရဲ့အခွန်အခတွေရရှိလာမယ်ဆိုရင်[…]