ဝေဘာဂီ အထူးကု ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် လစာ တစ်လစာ ချီးမြှင့်လှူဒါန်း
COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် လျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ယူလေးစား ကျေးဇူးတင်စွာဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဧပြီလအတွက် လုပ်ခလစာ တစ်လစာ ချီးမြှင့်လှူဒါန်း ခဲ့ပါသည်။ အဆိုပါ ကျန်းမာရေး ဝန်ထမ်းများသည် အနီးကပ် ကြပ်မတ်ကုသ ခံနေရသူ (၂)ဦး အပါအဝင် COVID-19 လူနာ စုစုပေါင်း (၇၅)ဦးကို ရောဂါ သက်သာ ပျောက်ကင်းစေရန်နှင့် ထပ်မံကူးစက် ပြန့်ပွားခြင်း မရှိစေရန် ကိုယ်ကျိုးမငဲ့ဘဲ မရပ်မနား ကြိုးပမ်း ဆောင်ရွက် နေကြသူများ ဖြစ်ပါသည်။ ဦးဇော်ဇော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများသည် ဧပြီလ[…]