COVID-19 ကြောင့် ရပ်နားထားသော ဂေါက်ကွင်း (၃)ကွင်းရှိ အခြေခံ ဝန်ထမ်းများ နှင့် ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများအတွက် ထောက်ပံ့လှူဒါန်း
COVID-19 ကြောင့် ရပ်နားထားသော တောင်ဥက္ကလာပ ဂေါက်ကွင်း၊ မြို့တော်ဂေါက်ကွင်းနှင့် ဒဂုံဂေါက်ကွင်းတို့မှ နေ့စားနှင့် အခြေခံလုပ်သားများ၊ ကယ်ဒီများ၊ အခြား ဝန်ထမ်းများ အစရှိသည့် ဂေါက်ကွင်းလုပ်သားများ၊ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းမှ ကျောင်းသားများ အစရှိသည့် စုစုပေါင်း လူဦးရေ (၂,၀၀၀) ၏ စားဝတ်နေရေး လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ကူညီ ဖြည့်ဆည်းပေးသော အားဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ စုစုပေါင်း ငွေကျပ် သိန်း (၃၀၀) တန်ဖိုးရှိ ဆန်၊ ဆီအစရှိသည့် စားသောက်ကုန်များကို သွားရောက် လှူဒါန်းခဲ့ပါသည်။