COVID-19 ကုသကာကွယ်ရန် ဆောင်ရွက်နေသော ပုသိမ် ဆေးရုံကြီးသို့ ငွေကျပ် သိန်း(၁၅၀)လှူဒါန်း
ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ကုသကာကွယ်ရန် ဆောင်ရွက်နေသော ပုသိမ် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ လိုအပ်သလို အသုံးပြုနိုင်ရန်နှင့် ဆေးရုံကြီး၏ အထွေထွေ လိုအပ်ချက်များ၊ ပြင်ဆင်ရန် လိုအပ်နေသော စက်ပစ္စည်းများ ပြန်လည် ပြုပြင်နိုင်ရန် အတွက် ငွေကျပ် သိန်း(၁၅၀) လှူဒါန်းခဲ့ပါသည်။ ထို့အတူ မလေးရှားမှ ပြန်လည် ရောက်ရှိလာသည့် COVID-19 ကူးစက်ခံရသူနှင့် ၎င်း၏ မိသားစု အဆင်ပြေစေရန် ငွေကြေး (၅)သိန်း ထောက်ပံ့ ကူညီပေးခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းမှ ဆေးရုံများ၊ Emergency Ambulance Service (EAS) နှင့် လူမှုရေး အသင်းအဖွဲ့များသို့ အရေးပေါ်လူနာ သယ်ယူပို့ဆောင်နိုင်ရန် ကုသရေး[…]